DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ထုတ်ပြန်ချက် အပိုဒ် ၅၊ ၆၊ ၇ ကိုလေးစားရန် တပ်မတော်ပြော
DVB
·
January 19, 2019
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ထုတ်ပြန်ချက် အပိုဒ် ၅၊ ၆၊ ၇ ကိုလေးစားရန် တပ်မတော်ပြော
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ထုတ်ပြန်ချက်ပါ အပိုဒ် ၅၊ ၆၊ ၇ ကို လေးစားဖို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ၊ AA နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောတာပါ။

အပိုဒ် ၅ က သဘောတူစာချူပ်တွေကို ကတိတည်ဖို့၊  ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမြတ်မထုတ်ဖို့ ဒေသခံပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ဖြစ်ပါတယ်။

အပိုဒ် ၆ ကတော့ တိုင်းရင်းသားလိုက်နက်ကိုင်အချင်းချင်း အပြန်အလှန်အင်အားသုံး တိုက်ခိုက်တာ၊ ဒေသခံတိုင်းရင်သားတွေအပေါ် အနိုင်ကျင့်တာ မပြုလုပ်ဖို့ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မယ်လို့ ဆိုပါတယ်။

အပိုဒ် ၇ မှာ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာလည်းကောင်း၊ လမ်းပန်းဆက်သွယ်မှူ လုံခြုံချောမွေ့စေရေးမှာလည်းကောင်း၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်းနဲ့ အကျိုးစီးပွားတွေကိုလည်းကောင်း ထိခိုက်မှု မဖြစ်စေရေး တာဝန်ယူရမယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ၅ ၆ ၇ ပါ ဖြစ်စဉ်တွေ ဖြစ်လာရင် တပ်မတော်က လိုအပ်သလို တားဆီးဆောင်ရွက်မယ်လို့လည်း အဲ့ဒီ့ကြေငြာချက် အပိုဒ် ၈ မှာ ဖော်ပြထားပါတယ်။

အဲ့ဒီအချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လေးစားလိုက်နာဖို့နဲ့ တပ်မတော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးမြောက်စေဖို့အတွက် သန္နိဋ္ဌာန်ချထားတာနဲ့အညီ သန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်ပြီးတော့ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။

စစ်ဆင်ရေး လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီကို လိုလားပြီးတော့ တိုင်းပြည်စည်းလုံး ညီညွတ်စွာနဲ့ ဖွံ့ဖြိုးတိုးတက်တာကို လိုလားလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ လိုအပ်ပြီးတော့ တပ်မတော်ဘက်ကလည်း လိုအပ်တဲ့ ကူညီတွေပေးသွားမယ်လို့ ဆိုပါတယ်။

ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်တဲ့ ကာလမှာတော့ နားလည်မှုလွဲမှားစေတဲ့ ကိစ္စတွေကို ရှေ့တန်းတင်တာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို မလုပ်ဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013