DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ မိုးကြက်​သွန်​​နီဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ
DVB
·
January 19, 2019
မြင်းခြံတွင်​ မိုးကြက်​သွန်​​နီဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံ​မြို့နယ်​ရှိ ဒေသထွက်​ မိုးကြက်​သွန်​နီ​​ဈေးနှုန်း​ဟာ ဇန်​နဝါရီ တတိယအပတ်​ကစတင်​ပြီး ၁ ပိသာကို ၂၀၀ ကျပ်​ဝန်းကျင်​အထိ ဆက်​တိုက်​ကျဆင်း​နေတယ်​လို့ မြင်းခြံ​ရွှေဒင်္ဂါး ကြက်​သွန်​ပွဲရုံမှ ကို​ကျော်​ဇင်​ဝင်းက ​ပြောပါတယ်​။

"ခုတပတ်​အတွင်းမှာ မိုးကြက်​သွန်​နီ​ဈေးနှုန်းဟာ ဆက်​တိုက်​ကျဆင်း​နေတယ်​။ ဒီရာသီက မိုးကြက်​သွန်​ အထွက်​များဆုံးလည်း ဖြစ်​တယ်​။ ​နောက်​ပြီး အဓိကတင်​ပို့​နေရတဲ့ ရန်​ကုန်​ နဲ့ ​မော်​လမြိုင်​မှာလည်း ကြက်​သွန်​ကား​တွေ တ​နေ့ ၃၅ စီးဝန်းကျင်​​လောက်​ ဝင်​​ရောက်​​နေတာရယ်​၊ ရန်​ကုန်​ ​မော်​လမြိုင်​ဘက်​မှာလည်း အ​ရောင်းအဝယ် ​​အေး​နေတာ​ကြောင့် ဒီနယ်​​တွေမှာ ​ဈေးနှုန်းက ဆက်​တိုက်​ဆိုသလို့ ​နေ့စဉ်​ကျဆင်း​နေတာ​ပါ။ စိုက်​ပျိုးတဲ့ ​တောင်​သူ​အများစုဟာ ​ဒီလို​ဈေးနှုန်း မတည်​ငြိမ်​​တော့ အလုပ်​သမားစရိတ်​ နဲ့ အခြား ​မြေသြဇာ စရိတ်​​တွေက ကြီးမြင့်တော့ အခက်​အခဲများပြီး ရှုံးကြတာ​ပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်​ ဇန်​နဝါရီလတုန်းက​တော့ မိုးကြက်​သွန်​နီ ​ဈေးနှုန်းဟာ ၁ ပိဿာကို ၂၀၀၀ ကျပ်​​ကျော်​ ​ဈေးနှုန်းအထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ကြတာ ဖြစ်​ပါတယ်​။

"ကြက်​သွန်​နီက ကုန်​စိမ်းလည်းဖြစ်​တယ်၊​ ပြီး​တော့ ပြည်​တွင်း/ပြည်​ပက ဝယ်​လိုအား ​ရောင်းလိုအားတွေ​ ကောင်း​နေရင်​​တော့ အတိုင်းအဆမရှိ ​ဈေးက တက်​​နေပြန်​​ရော၊ ပြည်​တွင်း ပြည်​ပကလည်း ဆွဲအားမ​ကောင်းဘူး၊ နယ်​စုံမှာ ကြက်​သွန်​နီ အထွက်​များ​နေတယ်​ဆိုရင်​လည်း အတိုင်းအဆမရှိ ​ဈေးနှုန်းက ကျဆင်းတတ်တဲ့ သ​ဘောပါ။ အစိုးရအ​နေနဲ့က ပြည်​တွင်းမှာ ကြက်​သွန်​​ဈေး​တွေတက်​​နေရင်​ ပြည်​ပက ကြက်​သွန်​​​တွေအဝင်​မခံဖို့ ထိန်းချုပ်​​ပေး​သင့်တယ်​။ ခုလို ​ဈေးကျ​နေ​တော့လည်း ​တောင်​သူ​တွေကို ဘာတခုမှ အကာအကွယ်​မ​ပေးနိုင်​ဘူး၊ ​ဈေးကွက်​ကိုလည်း ထိန်းချုပ်​ထားလို့ မရ​တော့ အ​ကောင်းအဆိုး​တွေက​တော့ ရှိ​နေမှာပဲ။ ​နောက်​ပြီး ခုချိန်​က ပြည်​တွင်းမှာပဲ လည်​ပတ်​​နေ​တော့ ​ဈေးနှုန်းက ကျဆင်း​နေတာ” လို့ သူက ဆက်​​ပြောပါတယ်​။

ဒီ​က​နေ့ မြင်းခြံကုန်​စည်​ဒိုင်​ရဲ့ ကြက်​သွန်​နီ​ဈေးနှုန်းဟာ မိုးကြက်​သွန်​ အ​ခြောက်​/အ​ချော ၁ ပိဿာကို ၅၀၀ ကျပ်​ မှ ၅၂၅ ကျပ်​​ဈေးနှုန်းနဲ့ အ​ရောင်းအဝယ်​ဖြစ်​ခဲ့ပြီး ကြက်​သွန်​နီ အစို/အကြမ်းစကို​တော့ ၁ ပိဿာ ၄၂၅ ကျပ်​မှ ၄၇၅ ကျပ်​နဲ့သာ အ​ရောင်းဝယ်​ ပြုလုပ်​ခဲ့ကြတာ ဖြစ်​ပါတယ်​။ မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ​နေ့စဉ်​ ကြက်​သွန်​နီကုန်​ချိန်​ ပိဿာ ၂ သိန်း​ကျော်​ ဝင်​​ရောက်​နေတယ်​လို့ မြင်းခြံကုန်​စည်​ဒိုင်​မှ သိရပါတယ်​။

သတင်း၊ ဓာတ်​ပုံ-ရီရီထွန်း ( မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013