DVB Logo
Home
မြန်မာသတင်း
ချောက်တွင်​ ​ လူဦးရေ ၂ သိန်းကျော်ကို ဆင်ခြေထောက်ရောဂါကာကွယ်​​ဆေးတိုက်ကျွေးမည်
DVB
·
January 19, 2019
ချောက်တွင်​ ​ လူဦးရေ ၂ သိန်းကျော်ကို ဆင်ခြေထောက်ရောဂါကာကွယ်​​ဆေးတိုက်ကျွေးမည်
Donate to DVB

မကွေးတိုင်း ချောက်မြို့နယ်မှာ​ ​ဆင်​​ခြေ​ထောက်​​​ရောဂါ ၇ ​ရာခိုင်​နှုန်း ​တွေ့ရှိရလို့ လူဦးရေ ၂ သိန်းကျော်ကို ဆင်ခြေထောက်ရောဂါကာကွယ်​​ဆေး တိုက်ကျွေးသွားမယ်​လို့ ​ချောက်​မြို့နယ်​ ကျန်းမာ​ရေး ဦးစီးဌာနက သိရပါတယ်​။

ချောက်​မြို့နယ် ​ရပ်ကွက် ကျေးရွာတွေမှာ နေထိုင်တဲ့ လူဦးရေ နှစ်သိန်းကျော်ကို အခုလ ဇန်နဝါရီလ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ ဆင်ခြေထောက်ရောဂါ ကင်းရှင်းစေ​ရေး အိမ်တိုင်ရာရောက် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက လိုက်​လံ တိုက်ကျွေးပေးသွားမယ်​လို့ ဆိုပါတယ်​။

နှစ်စဉ် ဆင်ခြေထောက်ရောဂါ ကာကွယ်​​ဆေး တိုက်​​ကျွေးခဲ့ပြီး အခုနှစ်မှာ ဆင်ခြေတောက်ရောဂါပိုးတွေ့နှုန်းကို ပြန်လည်စစ်ဆေးရာတွင် လူဦးရေ ၃၀၀ ကို သွေးဖောက်စစ်ဆေးခဲ့ရာ လူ ၂၂ ယောက်တွင် ရောဂါပိုးတွေ့ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်းဖြစ်နေလို့ သတ်မှတ်ထားသည့် စံနှုန်းနှင့် မကိုက်ညီသောကြောင့် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး DEC ဆေးပြားနှင့် Albendazole ဆေးပြား တိုက်ကျွေးခြင်းဆောင်ရွက်ရွက်သွားမှာဖြစ်​ပြီး ဆေးတိုက်ကျွေးမှုတွင် နှစ်နှစ်အောက် ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို ဆေးတိုက်ခြင်းမပြုဘူးလို့​ ချောက်​မြို့ ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းက ​ပြောပါတယ်​။

“မကွေးတိုင်းအတွင်းက ခရိုင် ၅ ခုမှာ မင်းဘူးခရိုင်ကတော့ ပိုးတွေ့နှုန်း လူတစ်ထောင်မှာ တယောက်နှုန်း စံသတ်မှတ်ချက်ရသွားတဲ့အတွက် မကျွေးရတော့ဘူး။ ကျနော်တို့ ချောက်မြို့နယ် အနေနဲ့လည်း ဒီနှစ်မှာ ခါတိုင်း နှစ်နဲ့ မတူဘဲ ကျနော်တို့လိုချင်တဲ့ စံနှုန်းရအောင် ဆေးကို ပါးစပ်ထဲရောက်အောင် သေချာတိုက်သွားမှာ” လို့ ​ပြောပါတယ်​။

၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဆင်ခြေထောက်ရောဂါကင်းရှင်းတဲ့ နိုင်ငံဖြစ်ဖို့အတွက် ဆင်ခြေထောက်ရောဂါပိုးတွေ့ရှိတဲ့ မြို့နယ်ပေါင်း ၂၀၀ ကို DEC ဆေးပြားနှင့် Albendazole ဆေးပြား တပြိုင်နက်တိုက်ကျွေးသွားမှာဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ ခရိုင် ၄ ခရိုင်မှ မြို့နယ် ၁၇ မြို့နယ်​ကို ​ဆောင်​ရွက်​သွားမှာ ဖြစ်​​ကြောင်း သိရပါတယ်​။

အဆိုပါဆေးတိုက်ကျွေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ Eisai ဆေးကုမ္ပဏီ မှ DEC ဆေးပြား တန်ဖိုးငွေ ၅၄၃ ဒသမ ၈ သန်း၊ GSK (Glaxo Smithline) ဆေးကုမ္ပဏီ မှ Albendazole ဆေးပြား တန်ဖိုးငွေကျပ် ၇၃၉ ဒသမ ၅ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့လှူဒါန်းခဲ့ပြီး နိုင်ငံတော် ဘတ်ဂျတ်ငွေ ကျပ်သန်းပေါင်း ၇၃၃ သန်း သုံးစွဲပြီး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေဖို့ ဆေးတိုက်ကျွေးခြင်းဖြစ်​​ကြောင်း ​ချောက်​မြို့နယ်​ ကျန်းမာ​ရေးဦးစီးဌာန ကျန်းမာ​ရေးမှူး ဦးသူရ​အောင်​က​ပြောပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013