DVB Logo
Home
မြန်မာသတင်း
အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကျွန်းစုနိုင်ငံများ မြန်မာကို ၀င်ရောက်မှု သိသိသာလျော့နည်း
DVB
·
January 19, 2019
အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ကျွန်းစုနိုင်ငံများ မြန်မာကို ၀င်ရောက်မှု သိသိသာလျော့နည်း
Donate to DVB

ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံကို အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ကျွန်းစုနိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်တာ သိသိသာသာလျော့နည်းသွားပြီး တရုတ်နိုင်ငံက သိသိသာသာ တိုးလာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် ပြည်ပခရီးသွားဝင်ရောက်မှုကို နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြောက်အမေရိကနိုင်ငံတွေဖြစ်တဲ့ အမေရိကနဲ့ ကနေဒါနိုင်ငံတို့က ဧည့်ဝင် ၁၁,၀၀၀ ကျော် လျော့နည်းခဲ့ပြီး ရာခိုင်နှုန်းအရဆိုရင် ကနေဒါက ၂၀၁၇ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့ပါတယ်။

ရာခိုင်နှုန်းအရ အများဆုံးလျော့သွားတာကတော့ ၃၀ ရာခိုင်နှုန်းကျော်နဲ့ နယ်သာလန်နိုင်ငံက အများဆုံးဖြစ်ပြီး ဂျာမနီ၊ ပြင်သစ်နဲ့ အာဖရိကနိုင်ငံတွေ ဖြစ်ပါတယ်။

အနောက်ဥရောပနိုင်ငံတွေက အရင်နှစ်နဲ့စာရင် လူဦးရေ ၅၅,၀၀၀ ကျော် လျော့နည်းသွားပြီး လူဦးရေအရ အများဆုံးဝင်ရောက်လေ့ရှိတဲ့ ပြင်သစ်နိုင်ငံကပဲ အများဆုံး လျော့နည်းသွားတာပါ။

ကျွန်းစုနိုင်ငံတွေထဲက သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာတော့ သြစတြေးလျက သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

အာရှနိုင်ငံ ၁၀ ခုထဲမှာ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ခရီးသွားဝင်ရောက်တာ လျော့နည်းပြီး တခြားနိုင်ငံတွေကတော့ တိုးလာခဲ့ပါတယ်။

သိသိသာသာ တိုးလာတာက တရုတ်နိုင်ငံကဖြစ်ပြီး အများဆုံးလာရောက်လေ့ရှိတဲ့ ထိုင်းနိုင်ငံထက်ကို ၇ ဆကျော်တိုးလာခဲ့ပါတယ်။

နိုင်ငံအားလုံးပေါင်းဝင်ရောက်တာရဲ့ ၅ ပုံ ၁ ပုံလောက်ရှိတဲ့ ထိုင်းနိုင်ငံက ဝင်ရောက်တာဟာ ၂၀၁၇ ခုနှစ်မှာ ၂၇၀,၀၀၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ်မှာတော့ ၂၉၁,၀၀၀ ကျော်ရှိပေမယ့် တရုတ်နိုင်ငံကတော့ ၂၀၁၇ ခုနှစ်မှာ ၂၁၀,၀၀၀ ကျော်ကနေ ၂၀၁၈ ခုနှစ်မှာ ၂၉၇,၀၀၀ ကျော် တိုးပြီး ဝင်ရောက်ခဲ့တာပါ။

ဒီ ၂ နှစ်ကို နှိုင်းယှဉ်ရာမှာတော့ လူဦးရေ ၃၅၀၀၀ ကျော်တိုးပြီး ဝင်ရောက်ခဲ့ပါတယ်။

ပြည်တွင်းကို ဝင်ရောက်ကြသူတွေထဲမှာ လေကြောင်းလိုင်းနဲ့ လာရောက်ကြတာ အများဆုံးဖြစ်ပြီး နယ်စပ်ဝင်ပေါက်ကနေ အတွင်းပိုင်းအထိ လာရောက်တာကတော့ ဒုတိယ အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013