DVB Logo
Home
မေးမြန်းခန်း
ရွှေဝါရောင်သံဃာအရေးအခင်း ၅ နှစ်ပြည့် မိန့်ကြားချက်များ
DVB
·
September 18, 2012
ရွှေဝါရောင်သံဃာအရေးအခင်း ၅ နှစ်ပြည့် မိန့်ကြားချက်များ
1 / 8
Donate to DVB

ဒီနေ့ကျရောက်တဲ့ ရွှေဝါရောင် သံဃာအရေးအခင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေဝါရောင်သံဃာအရေးအခင်းမှာ ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ်တွေ ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ သံဃာတော်တွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

အရှင်သဒ္ဓမ (မောင်းတီးကျောင်းတိုက် - တွံတေးမြို့နယ်)

[caption id="attachment_30928" align="alignleft" width="266" caption="အရှင်သဒ္ဓမ (မောင်းတီးကျောင်းတိုက် - တွံတေးမြို့နယ်)"][/caption]

“မေတ္တာပို့တာတွေ တောက်လျှောက် လုပ်လာပြီးတဲ့နောက် သံဃာတော်တွေဟာ ဖမ်းဆီးခံခဲ့ရတယ်၊ ညှဉ်းပန်းခံခဲ့ရတယ်၊ ထောင်သွင်း အကျဉ်းကျခံခဲ့ရတယ်။ အဲမှာလည်း ဦးဇင်း ၂၀၀၇ မှာ ဖမ်းဆီး ထောင်သွင်း အကျဉ်းကျခံခဲ့ ရပါတယ်။ စစ်အစိုးရလက်ထက်က ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့တာ ၂ ကြိမ်ရှိပါတယ်။ ၁၉၉၀ မှာ ၁ ကြိမ်၊ ၂၀၀၇ ခု စက်တင်ဘာလ ၁၈ ရက်မှာ ၁ ကြိမ်။ အဲလို ကံဆောင်ခဲ့တဲ့အခါမှာ စစ်အစိုးရ အနေနဲ့ ပြည်သူပြည်သားတွေ အပေါ်မှာ၊ သံဃာတော်တွေကို ဖိနှိပ်စော်ကားညှဉ်းပန်းခဲ့တဲ့အပေါ်မှာ စစ်အစိုးရမှာ တာဝန်လုံးလုံးရှိပါတယ်။ အခု အစိုးရဟာလည်း အရင် အစိုးရဆီက လွှဲပြောင်းရယူခဲ့တဲ့အတွက် သူ့မှာလည်း တာဝန်ရှိတယ်။ သူတို့ကို သပိတ်မှောက်ကံဆောင်ထားတဲ့အပေါ်မှာ ၀န်ချတောင်းပန်ရမယ့် တာဝန်ရှိတယ်။ အစိုးရကို သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတဲ့အပေါ်မှာ ဒီအစိုးရအတွက်လည်း မကောင်းပါဘူး။ အရှိန်အ၀ါအားဖြင့် ညှိုးမှိန်မယ်၊ တိုင်းပြည်အတွက်လည်း မကောင်းပါဘူး။ သာသနာအတွက်လည်း မကောင်းပါဘူး။ တိုင်းပြည်အတွက်ရော၊ သာသနာအတွက်ရော၊ အစိုးရအတွက်ရော မကောင်းတာဖြစ်တဲ့အတွက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ၅ နှစ်မြောက်နေ့မှာ အဲ့ကိစ္စကို ကြေညာချက်တခုအနေနဲ့ ကြေညာမှာဖြစ်ပါတယ်။ ကြေညာတဲ့အခါ ဒီအစိုးရအနေနဲ့ သမ္မတကြီး ကိုယ်တိုင်မဟုတ်တောင်မှ သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေရယ်၊ သံဃာ့နာယကဆရာတော်ကြီးတွေရယ်၊ ထောင်သွင်းအကျဉ်းကျခံထားရတဲ့ သံဃာတော်များစုံညီပြီးတော့ ဒီကိစ္စကို တောင်းပန်ဖို့အတွက် ဦးဇင်းတို့ တိုက်တွန်းမှာ ဖြစ်တယ်။”

အရှင်ဃောသိတ (အလယ်ကျောင်းကြီး စာသင်တိုက် - ဗဟန်းမြို့နယ်)

[caption id="attachment_30929" align="alignleft" width="260" caption="အရှင်ဃောသိတ (အလယ်ကျောင်းကြီး စာသင်တိုက် - ဗဟန်းမြို့နယ်)"][/caption]

“ဒီရွှေဝါရောင်တော်လှန်ရေးကြီးကို စုပေါင်းဆောင်ရွက်ကြတယ်။ ဦးဇင်းတို့ အင်အားတရပ် အနေနဲ့ ပါဝင်ခဲ့ကြတယ်။ ပုဒ်မက ၁၇(၁)နဲ့ ၁၃(၁)၊ ၂၄(၁) ပုဒ်မတွေနဲ့ အဖမ်းခံရတယ်။ ၇ နှစ်ပေါ့။ နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာပါ။ ဦးဇင်းကိုဖမ်းတော့ ဦးဇင်းက တရုတ်တိုင်ပေကို သာသနာရေးကိစ္စနဲ့ သွားတယ်၊ ပြန်ရောက်တဲ့အခါ အဖမ်းခံရတဲ့ သူငယ်ချင်းတွေရှိတယ်။ ဦးဇင်းနဲ့ ပါဝင်ပတ်သက်တဲ့အခါ သူတို့ရဲ့ ပြောပြချက်အရ ဦးဇင်းလည်း အဖမ်းခံရတယ်။”

ဦးပြည်ကျော် (ရွှေတောင်ကျောင်းတိုက် - မင်္ဂလာတောင်ညွန့်မြို့နယ်)

[caption id="attachment_30930" align="alignright" width="284" caption="ဦးပြည်ကျော် (ရွှေတောင်ကျောင်းတိုက် - မင်္ဂလာတောင်ညွန့်မြို့နယ်)"][/caption]

“ဦးဇင်းတို့ကတော့ ဒီနှစ်မှပဲ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ကို ကြုံတွေ့တာပေါ့။ ခါတိုင်းနှစ်တွေက အထဲရောက်နေတယ်ဆိုတော့ ဒီလိုမျိုးပွဲလေးတွေ လုပ်နေတဲ့အခါမှာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊ မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့ အပိုင်း အပိုင်း ကွဲနေတာလေးတွေ ပြန်ဆက်တဲ့အခါမှာ သံဃာတော်တွေက ရှေ့ကနေပါဝင်နေတယ် ဆိုတာကို အသိအမှတ်ပြုပေါ့။ နောင်လာနောက်သားတွေလည်း သိရှိအောင် ဒီလိုမျိုး သံဃာတော်တွေဘက်က ဦးဆောင်ပြီး တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး၊ ဒီမိုကရေစီရရှိရေး စတာတွေကို အသက်ပင်ပဓာနမထားဘဲ သံဃာတော်တွေက ပါဝင်ဆင်နွှဲခဲ့တယ်ဆိုတာကို နေ့ကလေး တခုပေါ့။ အကြီးအကျယ်မဟုတ်ပေမယ့်လည်း သမိုင်းအရဆိုရင်တော့ နှမ်းတစေ့လောက်ရှိတဲ့ အစက်ကလေး တစက်ဟာလည်း သမိုင်းပါပဲ။”

ဦးကောဝိဒ (တက္ကသီလာကျောင်းတိုက် - ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်)

[caption id="attachment_30931" align="alignright" width="300" caption="ဦးကောဝိဒ (တက္ကသီလာကျောင်းတိုက် - ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်)"][/caption]

“မင်းကျင့်တရားနဲ့မညီတဲ့ မင်းတွေဟာ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတော့ ဖိနှိပ်ခံထားရတဲ့လူတန်းစားတွေက ခံပြင်းလာကြတာပေါ့နော်။ ဒီရွှေဝါရောင်ဖြစ်လာတာလည်း အစိုးရဟာ မင်းကျင့်တရားနဲ့မညီလို့၊ အစိုးရကို ပြည်သူလူထုကို မညှာတာဘဲနဲ့ လုပ်ချင်သလို ထင်သလိုစိုင်းနေလို့၊ သံဃာတော်တွေက ရွှေဝါရောင်ကနေပြီးတော့ စစ်အစိုးရကို မေတ္တာသုတ်နဲ့ သူတို့သိအောင် လုပ်ရတာပေါ့။ ရွှေဝါရောင်က မေတ္တာသုတ်ရွတ်ပြီးတော့ တနိုင်ငံလုံးဖြစ်လာခဲ့တာ။ စစ်အစိုးရအုပ်ချုပ်နေတာဟာ မင်းကျင့်တရားနဲ့မညီတာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ မရှိတဲ့အတွက် စစ်အစိုးရကို တော်လှန်တဲ့အနေနဲ့ တနိုင်ငံလုံးက အုံကြွရတာဖြစ်တယ်။ ဘုန်းဘုန်းတို့တွေ သူတို့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။”

ဦးပဏ္ဍိတ (သာသနာ့အလင်းရောင်ကျောင်း - မှော်ဘီမြို့နယ်)

[caption id="attachment_30932" align="alignleft" width="300" caption="ဦးပဏ္ဍိတ (သာသနာ့အလင်းရောင်ကျောင်း - မှော်ဘီမြို့နယ်)"][/caption]

“ရွှေဝါရောင်တော်လှန်ရေး အဓိကဖြစ်ပွားရခြင်း အကြောင်းရင်းဟာ စနစ်ပါ။ အာဏာရှင်စနစ်ဟာ ရွှေဝါရောင်တော်လှန်ရေးကို ဖြစ်ပေါ်လာအောင် တွန်းပို့လိုက်သလို၊ တတိုင်းပြည်လုံးမှာရှိနေတဲ့ ပူဆွေးသောကရောက်နေကြရတဲ့ ဒကာ၊ ဒကာမအပေါင်းတို့ကိုလည်း နှိပ်စက်ခဲ့တာဟာ အာဏာရှင်စနစ် ၀ါဒပါပဲ။ သံဃာတော်တွေကို သံဃာတော်တွေလို့ အမြင်မရှိနိုင်တော့တဲ့ ဒီစနစ်ဆိုးကို ချုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သံဃာတော်တွေကို ဖိနှိပ်ချုပ်ချယ်၊ ရိုက်နှက်အကြောင်းပြုရင်း ဖြစ်လာတာပါ။ ဒါကြောင့် ဦးဇင်းတို့ ဘုန်းတော်ကြီးများဟာ ဒီနေ့ အာဏာရှင်စနစ်ကိုပဲဖြစ်ဖြစ်၊ လူဆိုးလူမိုက်တွေကို ပဲဖြစ်ဖြစ် လောကမှာ အမှောင်လွှမ်းနေတဲ့အရာမှန်သမျှကို အလင်းဓာတ်ရလာဖို့အတွက် ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မေတ္တာလက်နက်နဲ့ ဟိုတုန်းကလည်း တိုက်ပွဲဝင်ခဲ့ပါတယ်၊ အခုလည်း တိုက်ပွဲဝင်နေပါတယ် ၊ နောင်လည်း မေတ္တာလက်နက်နဲ့ ဆက်လက် တိုက်ပွဲဝင်သွားဦးမယ့်အကြောင်း မိန့်ကြားလိုပါတယ်။”

ဦးစန္ဒာသီရိ (ရွှေသိမ်ကျောင်း - သင်္ဃန်းကျွန်းမြို့နယ်)

[caption id="attachment_30933" align="alignleft" width="236" caption="ဦးစန္ဒာသီရိ (ရွှေသိမ်ကျောင်း - သင်္ဃန်းကျွန်းမြို့နယ်)"][/caption]

“ရွှေဝါရောင်တော်လှန်ရေးဟာ သံဃာတော်တွေက ဦးဆောင်ခဲ့တယ် ဆိုပေမယ့် ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ကြတာပါ ။ ရွှေဝါရောင်တော်လှန်ရေးမှာ အစိုးရကို တောင်းဆိုချက်တွေရှိတယ်။ အဓိက တောင်းဆိုတာတွေက ကုန်ဈေးနှုန်းတွေကျဆင်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နောက် အခြေခံကျတဲ့ ဒီမိုကရေစီအပြည့်အ၀ရရှိရေးကို တောင်းဆိုခဲ့တယ်။ ဒီနေ့အချိန်အထိ တောင်းဆိုချက်တွေကို အစိုးရက ပြည့်ပြည့်၀၀ အကောင်အထည်ဖော်ပေးတာတွေ တခုမှ မရှိသေးဘူး။ အဲတော့ ဦးဇင်းပြောချင်တာက တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတွေ အားလုံးရော၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ အားလုံးရော ရွှေဝါရောင်တော်လှန်ရေး စိတ်ဓာတ်ကို ယနေ့အချိန်ထိ ဆက်လက် မွေးမြူထားဖို့ လိုအပ်နေသေးတယ်ဆိုတာကို ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ မိန့်ပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013