DVB Logo
Home
မြန်မာသတင်း
DKT International က လက်မောင်းတွင်းထည့်သည့် သားဆက်ခြားပစ္စည်း စတင်ထုတ်လုပ်
DVB
·
January 19, 2019
DKT International က လက်မောင်းတွင်းထည့်သည့် သားဆက်ခြားပစ္စည်း စတင်ထုတ်လုပ်
Donate to DVB

လူလတ်တန်းစားအမျိုးသမီးတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူအသုံးပြုနိုင်မယ့် လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းကို DKT International ကနေ စတင်ထုတ်လုပ်လိုက်ပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာရှိနေတဲ့ လက်မောင်းအတွင်းထည့် သားဆက်ခြား ပစ္စည်းတွေဟာ ဈေးနှုန်းကြီးမားတဲ့အတွက် မြို့ပြနေ အမျိုးသမီးအများစုကသာ အသုံးပြုနိုင်ပြီး ကျေးလက်နေပြည်သူတွေကြားမှာ သုံးစွဲမှုနည်းနေပါသေးတယ်။

DKT International ကနေ ထုတ်လုပ်တဲ့ လေဒီယာ Implanex II လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းဟာ ငွေကျပ် ၁၈၀၀၀ နှုန်းရှိပြီး ဈေးကွက်မှာရောင်းချတဲ့ လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းတွေထက် ကုန်ကျစရိတ် ငါးဆသက်သာပါတယ်။

လေဒီယာ Implanex II လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းဟာ နှစ်ရှည်ခံ ကိုယ်ဝန်တားဆေး တမျိုးဖြစ်ပြီး ၄ နှစ်အထိ သန္ဓေတားပေးနိုင်မှာ ဖြစ်ပါတယ်။

လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းတွေကို အသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ထည့်သွင်းဖို့ လိုပါတယ်။ လေဒီယာ Implanex II လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ဇန်န၀ါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့ Wyndham Grand Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013