DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 18, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၈၇၀၀ ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၈၀၀၀ ကနေ ၇၂၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) တအိတ်ကို ၇၃၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၇၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိသာဝင်တအိတ်ကို ၉၀၀၀၀ ကနေ ၁၀၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၈၄၀၀၀ ကနေ ၉၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၉၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၁၃၃၀၀၀ ကနေ ၁၃၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၁၂၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၆၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိသာဝင်တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၄၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၃၄၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။  မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၆၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူ ၄၅ ပိသာဝင်တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၅၀၀၀ အထိ  ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းနက်(စမုံ) နဲ့ နှမ်းဖြူတို့ကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ဆောင်းနှမ်းတွေက ဆက်တိုက်ဝင်လာခဲ့ပြီး အရည်အသွေး ကောင်းနေတဲ့အတွက် ဈေးကောင်းရရှိနေပါတယ်။ လက်ရှိမှာ နှမ်းတွေကို ဂျပန်နိုင်ငံကလည်း ကွင်းဆင်းဝယ်ယူမှုတွေ ရှိသလို ဥရောပဈေးကွက်ကလည်း ဝယ်ယူမှု များလာတဲ့အတွက် ဈေးက တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

နှမ်းနက်(စမုံ) က တပတ်အတွင်း တအိတ်ကို ငွေကျပ် ၁၀၀၀၀ နီးပါး ဈေးတက်လာခဲ့ပြီး နှမ်းဖြူကတော့ တပတ်အတွင်း ငွေကျပ် ၅၀၀၀ လောက် ဈေးတက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013