DVB Logo
Home
မြန်မာသတင်း
Adidas ဖိနပ်​စက်ရုံပိတ်သိမ်းမှု အလုပ်သမားများ ဆန္ဒပြ
DVB
·
January 18, 2019
Adidas ဖိနပ်​စက်ရုံပိတ်သိမ်းမှု အလုပ်သမားများ ဆန္ဒပြ
1 / 5
Donate to DVB

ရန်ကုန် လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ Adidas ဖိနပ်​စက်ရုံဖြစ်​တဲ့ ရှန်​​ဂျော်​ယွဲ့စက်ရုံ ပိတ်​သိမ်းလိုက်​တာ​ကြောင့် ဇန်​နဝါရီ ၁၈ ရက်​​နေ့ မနက်​ပိုင်းမှာ အလုပ်သမားအဖွဲ့အစည်း ၄၀​ ကျော်​က လုပ်​သမား ၇၀၀​ ကျော် စီတန်းလှည့်လည်​ ဆန္ဒထုတ်​​ပြပါတယ်​။

စက်ရုံပိတ်သိမ်းတာကြောင့် ထိခိုက်နစ်နာရတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို တာဝန်ယူပေးဖို့နဲ့ ဥပဒေမဲ့ အလုပ်ပိတ်သိမ်းတာကို အရေးယူပေးဖို့ ရန်ကုန် -ညောင်တုန်းမကြီးပေါ်ကနေ စက်ရုံရှေ့အထိ အလုပ်သမားတွေက စီတန်းလှည့်လည် ဆန္ဒပြ ခဲ့ကြတာပါ။

အ​ကြောင်းပြချက်​မခိုင်​လုံဘဲ စက်ရုံပိတ်​သိမ်းတဲ့အတွက်​ အလုပ်​သမား ၁၀၀​ ကျော်​ အလုပ်​လက်​မဲ့ ဖြစ်​သွားတယ်​လို့လည်း ဆန္ဒပြအလုပ်​သမား​တွေက​ ပြောပါတယ်​။

စက်ရုံထဲမှာ အလုပ်​သမား ၇၀၀​​ ကျော်​ရှိပြီး ၆၀၀​ ကျော်​က​တော့ စက်ရုံဘက်​က​​ပေးတဲ့​ လျော်​​ကြေးရယူပြီး ဖြစ်​ပါတယ်​။ ကျန်​တဲ့အလုပ်​သမား ၁၀၀​ ကျော်​က​တော့ ​လျော်​​ကြေးမယူဘဲ လုပ်​ငန်းခွင်​ထဲ ပြန်​ဝင်​ခွင့်​ပေးဖို့​ တောင်းဆို​နေတာပါ။

စက်ရုံဘက်​က​တော့ ပြည်​ပက အပ်​ထည်​​တွေမရှိတဲ့အတွက်​ စက်ရုံကို အပြီးပိတ်​သိမ်း တယ်​လို့​ပြောမယ့် ဆန္ဒပြအလုပ်​သမား​တွေက​တော့ ကမ္ဘာ​ကျော်​ Brand စက်ရုံဖြစ်​တဲ့အတွက်​ အပ်​ထည်​မရှိတာကြောင့် ပိတ်​တာကို လက်​မခံဘူးလို့ အလုပ်​သမား​ခေါင်း​ဆောင်​ ဒေါ်တင်​စုခိုင်​က ဒီဗွီဘီကို​​ပြောပါတယ်​။

စက်ရုံဘက်​ကိုမေးမြန်းဖို့ ကြိုးစား​ပေမယ့် စက်ရုံပိတ်​ထားအတွက်​ စက်ရုံတာဝန်​ရှိ​တွေနဲ့​ တွေ့ခွင့်မရခဲ့ပါဘူး။ စက်ရုံဘက်​က​တောာ့ အလုပ်​သမား​တွေကို​ လျော်​​ကြေး​ပေးထားပါတယ်​။

အလုပ်သမား ၇၀၀​ ကျော်​ရှိတဲ့အထဲမှာ ၁၀၀ေ​ကျာ်​က​ လျော်​​ကြေးမယူဘဲ အလုပ်​ပြန်​ခန့်​ဖို့​ တောင်းဆိုဆန္ဒပြ​နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013