DVB Logo
Home
မြန်မာသတင်း
နော်သောသွဲ့ထူးဆုံးရှုံးခဲ့သည့် ငွေများကို စင်ကာပူငွေလွှဲကောင်တာ ပြန်လွှဲပေး
DVB
·
January 18, 2019
နော်သောသွဲ့ထူးဆုံးရှုံးခဲ့သည့် ငွေများကို စင်ကာပူငွေလွှဲကောင်တာ ပြန်လွှဲပေး
Donate to DVB

ကျပ်တသောင်းတန်အတု ကိုင်ဆောင်မှုနဲ့ တရားစွဲခံထားရတဲ့ ဒိုက်ဦးက နော်သောသွဲ့ထူးရဲ့ ဆုံးရှုံးခဲ့တဲ့ ငွေတွေကို အိမ်ရှင်က လွှဲပေးတာမဟုတ်ဘဲ စင်ကာပူ ငွေလဲကောင်တာက လွှဲပေးခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ရွှေ့ပြောင်း အလုပ်သမားဌာန၊ လက်ထောက်ဌာနမှူး ဦးဟိန်းလတ်က  ပြောပါတယ်။

နော်သောသွဲ့ထူး ဖမ်းဆီးခံရအပြီးဆုံးရှုံးခဲ့တဲ့ငွေ ၂၉ သိန်း အစားကျပ် ၃၄ သိန်းကျော် စင်ကာပူနိုင်ငံကတဆင့် ဇန်န၀ါရီ ၈ ရက်က ဒိုက်ဦးမြို့နယ်က ဘဏ်တခုကို လွှဲပြောင်းပေးအပ်ခဲ့ တယ်လို့ သိရပါတယ်။

လက်ထောက်ဌာနမှူး ဦးဟိန်းလတ်က “ငွေကျပ် ၃၄ သိန်းကျော်က ရန်ကုန် ကမ္ဘောဇဘဏ်ကနေ ဒိုက်ဦးကမ္ဘာဇဘဏ်ကို လွှဲပြောင်းရောက်ခဲ့တာပါ။ ကျနော်တို့ကလည်း အိမ်ရှင်နဲ့ အဆက်အသွယ်ရှိတော့ အိမ်ရှင်ကိုမေးကြည့်တာ သူလွှဲတာမဟုတ်ဘူး။ ငွေလဲကောင်တာက လွှဲပေးတာလို့ ပြောပါတယ်”လို့ ပြောပါတယ်။

နော်သောသွဲ့ထူးဟာ ပထမဆုံးရုံးချိန်းဖြစ်တဲ့ ဇန်နဝါရီ ၃ ရက်က ဒိုက်ဦးမြို့နယ် တရားရုံးမှာ အာမခံရရှိခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်က အမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ဒီရုံးချိန်းမှာ နော်သော့သွဲ့ထူးရဲ့ မိခင်နဲ့ ဖမ်းဆီးရာမှာပါဝင်တဲ့ ဒိုက်ဦးရဲစခန်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ဆေးခဲ့ပြီး အမှုကို ဇန်နဝါရီ ၂၃ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာနေထိုင်သူ နော်သောသွဲ့ထူးဟာ စင်ကာပူနိုင်ငံကို အိမ်အကူအနေနဲ့ သွားရောက်လုပ်ကိုင်ပြီး မြန်မာပြည်ကိုအပြန် သူရရှိမယ့်လုပ်အားခတွေကို အိမ်ရှင်က စင်ကာပူနိုင်ငံက MM Sharife Trader ငွေလဲကောင်တာမှာ ငွေလဲလှယ်ပေးခဲ့ပါတယ်။

မြန်မာပြည်ကို ပြန်ရောက်လာတဲ့ နော်သောသွဲ့ထူးကို ရဲတပ်ဖွဲ့က သတင်းအရရှာဖွေ  ဖမ်းဆီးခဲ့ပြီး ငွေစက္ကူအတုကိုင်ဆောင်မှုနဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ကာယကံရှင်မိသားစုနဲ့ ကူညီပေးနေသူတွေကတော့ ရဲစခန်းကို နော်သောသွဲ့ထူး ကိုယ်တိုင်သွားရောက်ပြီး ငွေစက္ကူအတုတွေ အပ်နှံခဲ့စဉ် ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

နော်သောသွဲ့ထူးကို ဒိုက်ဦးမြို့မရဲစခန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားပြီး ပုဒ်မ-၁၀၅ ဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်၊ ပုဒ်မ ၁၀၆ ဟာ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်ကနေ နှစ် ၂၀ ထိ ချမှတ်နိုင်တယ်လို့ ၂၀၁၃ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013