DVB Logo
Home
မြန်မာသတင်း
၂၀၁၉ နှစ်ကုန်တွင် အဂတိလိုက်စားမှု လျော့ကျလာနိုင်ဟု ကော်မရှင်မျှော်လင့်
DVB
·
January 18, 2019
၂၀၁၉ နှစ်ကုန်တွင် အဂတိလိုက်စားမှု လျော့ကျလာနိုင်ဟု ကော်မရှင်မျှော်လင့်
Donate to DVB

မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေ အတိုင်းအတာတခုအထိ လျော့ကျလာတာကို ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ စတင် တွေ့မြင်လာနိုင်တယ်လို့  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

ဇန်န၀ါရီ ၁၇ရက်က ပဲခူးမြို့မှာ ကျင်းပတဲ့ "တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်နဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံ ရုံဆွေးနွေးပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အုပ်ချုပ်ရေးအပိုင်းက သော် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းက သော်လည်းကောင်း၊ တာဝန်ယူမှုမြှင့်တင်နိုင် ကြမယ်ဆိုရင် နိုင်ငံရဲ့ အဂတိ လိုက်စားမှု အခြေအနေဟာ အတိုင်းအတာ တခုအထိလျော့ကျလာတာကို ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ စတင်ပြီးတွေ့မြင်လာနိုင်တယ်လို့ ကော်မရှင်ကမျှော်လင့်ထားတယ်”လို့ ဦးအောင်ကြည်က ပြောပါတယ်။

ကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၁နဲ့ အညီ ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲတင်ပြထားပြီး သမ္မတညွှန်ကြားချက်နဲ့ အညီ အဂတိလိုက်စားမှုတွေကို ပိုမိုတိုက်ဖျက်သွားမယ်လို့  ကော်မရှင်ဥက္ကဋ္ဌ ကပြောပါတယ်။

အစိုးရဌာနတွေအပါအ၀င် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာ အဂတိလိုက်စား သူတွေ ရှိနေတုန်းပဲ၊  ဒီလိုအခြေအနေတွေကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အဖွဲ့အစည်း အသီးသီးကခေါင်းဆောင်တွေဟာ မိမိတို့ရဲ့ သြဇာအာဏာကို မဖြစ်မနေ သုံးစွဲကြဖို့လည်း တိုက်တွန်းပြောပါတယ်။

ပဲခူးတိုင်းအတွင်း အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်စာပေါင်း ၁၂၉ စောင်လောက်ရှိပြီး ၈၀ ကျော်လောက်ကိုတော့ စိစစ်ပြီးဖြစ်ကြောင်း တချို့ကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပတ်သက်မှုရှိနေတယ်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်က  ဆွေးနွေးပွဲအဖွင့် အမှာစကား ပြောကြားပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ၊ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝန်တွေ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ UNDP တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ၊ CSOတွေ၊ စီးပွားရေးလုပ်ငန်ရှင်တွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း - အောင်စိုးမိုး

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013