DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ တနေ့ ဓာတ်ငွေ့ ကုဗပေ ၃ သန်းခန့် ထုတ်နိုင်မည့် ရေနံအစမ်းတွင်းတူးမည်
DVB
·
January 18, 2019
မြိုင်မြို့နယ်၌ တနေ့ ဓာတ်ငွေ့ ကုဗပေ ၃ သန်းခန့် ထုတ်နိုင်မည့် ရေနံအစမ်းတွင်းတူးမည်
Donate to DVB

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ ၃ သန်းလောက် ထုတ်လုပ်နိုင်မယ့် ရေနံအစမ်းတွင်း တူးဖော်သွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ စတင်တူးဖော်သွားမယ်လို့ မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။

မြိုင်အစမ်းတွင်း အမှတ် ၁ ကို အောင်မြင်စွာ တူးဖော်စမ်းသပ်ပြီးပါက တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ ၃ သန်းလောက် ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး အဲဒီတွင်းကနေ ပေ ၂၀၀၀ စီလောက်ခြားပြီး ၁၁ တွင်းလောက် ထပ်မံတူးဖော်သွားမယ်လို့ ဆိုပါတယ်။

လျှပ်စစ်နှင့် စမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက “တူးဖော်ရရှိလာမယ့် ရလဒ်တွေကို ဘယ်လိုအသုံးချသွားမလဲဆိုရင် တွေ့ရှိတဲ့ရလဒ်နဲ့ တွေ့ရှိတဲ့ သဘာဝဓာတ်ငွေ့ အမျိုးအစား ဖွဲ့စည်းပုံပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြိုင် ရေနံအစမ်းတွင်း အမှတ် ၁ ဟာ ချင်းတွင်း အနည်ကျချိုင့်ဝှမ်း မြိုင်လွှာတွန့်ခုံးရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး မြိုင်ဘူမိအနေအထားမှာ ပြတ်ရွေ့ပါဝင်တဲ့ လွှာတွန့်ခုံးတခုဖြစ်ကာ လွှာတွန့်ခုံးရဲ့ အလယ်မှာ ပုံတောင်ကျောက်စဉ်စု ထွက်ပေါ်နေတာကြောင့် သဘာဝဓာတ်ငွေ့ တည်ရှိနိုင်တဲ့ တဗျင်းကျောက်စဉ်စုမှာ အနက်ပေ ၃၀၀၀-၆၅၀၀ လောက်မှာ တွေ့ရှိ စမ်းသပ်နိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013