DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်မည်
DVB
·
January 17, 2019
မြစ်ဆုံစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်မည်
Donate to DVB

ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို  စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဗွီဘီ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ကချင်တိုင်းရင်းသားတွေအနေနဲ့ ကန့်ကွက်မှုမရှိကြောင်း ကချင် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းခေါင်းဆောင်တွေက ပြောကြားခဲ့တယ်ဆိုပြီး တရုတ်သံအမတ်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်တွေကတော့ သူတို့နဲ့ ဆွေးနွေးမှုမှာ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဒီဗွီဘီကို ပြောကြားထားပါတယ်။

ဒီထုတ်ပြန်ချက်အရ တရုတ်နိုင်ငံအနေနဲ့ ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည် လုပ်ဆောင်ဖို့အတွက် ပြန်လည်ကြိုးပမ်းလာတာလို့ သုံးသပ်နေကြပြီး ပြည်သူတွေ အကြားမှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်လာမှာကို စိုးရိမ်နေကြတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “မြစ်ဆုံစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က လေ့လာနေတဲ့အထဲမှာ ဒါတွေလည်းပါတယ်။ စာချုပ်ကိစ္စတွေလည်းပါတယ်။ အခုဟာက ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာမယ့်အပေါ်ကို အားလုံးက စောင့်ကြည့်နေကြတယ်။ အစီရင်ခံစာပေါ်မူတည်ပြီး လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

မြစ်ဆုံနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ အထူးအာဏာပေးအပ်ထားတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းပြီး လေ့လာတွေ့ရှိချက် အစီရင်ခံစာရေးသားကာ အစိုးရအဖွဲ့ကို တင်ပြရမှာပါ။

အစိုးရအဖွဲ့ကနေ တဆင့် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြကာ လွှတ်တော်ရဲ့ သဘောထား ဆုံးဖြတ်ချက်ရယူပြီးမှသာ စီမံကိန်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်သွားမယ်လို့ လည်း ဆိုပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခ မြစ်ပေါ်မှာ ရေကာတာ ၇ ခု တည်ဆောက်ကာ ရေအားလျှပ်စစ် ထုတ်လုပ်မယ့် စီမံကိန်းဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်က တရုတ်ကုမ္ပဏီတခုနဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာပါ။

ပြည်သူအများက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ကြတဲ့အတွက် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ကစပြီး အခုချိန်ထိ လုပ်ငန်းလုပ်ဆောင်မှု ရပ်တန့်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013