DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် သူခိုးဂိုဏ်း ဖမ်းမိ
DVB
·
January 17, 2019
မြန်မာ-ထိုင်းနယ်စပ် သူခိုးဂိုဏ်း ဖမ်းမိ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြင်ရွှေဘုံ ရပ်ကွက် အိမ်ရှင်မရှိချိန် အုပ်စုဖွဲ့ခိုးတဲ့ သူခိုးဂိုဏ်းအဖွဲ့ကို ဇန်န၀ါရီ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ မြ၀တီမြို့မရဲစခန်းက သိရပါတယ်။

သူခိုး ခိုးသွားတဲ့ မီးခံသေတ္တာထဲရှိ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကတော့ မြန်မာကျပ်ငွေ သိန်း ၄၀ ကျပ်နဲ့ လက်ကိုင်ဖုန်း ရွှေဆွဲကြိုး၊ ငွေဆွဲကြိုး၊ အရေးကြီးစာရွက်စာတမ်းတွေအပါအ၀င် ကျောက်မြတ်ရတနာတွေ ကာလတန်ဖိုး သိန်း ၄၀၀ ကျော် အခိုးခံရတယ်လို့ ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ဟာ ပျံကျတွေများတဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အလုပ်အဆင်မပြေသူ များပြားလာတာနဲ့အညီ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးပေါတဲ့အတွက် ခိုးမှု၊ လိမ်လည်မှုတွေ ပေါများနေတာ ဖြစ်ပါတယ်။

၂၀၁၈ နိုဝင်ဘာ၂၇ ရက်နေ့က အိမ်တွင်းဝင်ရောက်အခိုးခံတဲ့ အိမ်ပိုင်ရှင်ကနေ ၂၀၁၈ ခု ဒီဇင်ဘာ ၈ ရက်နေ့က မြ၀တိမြို့မရဲစခန်းက တိုင်ကြားခဲ့တဲ့အတွက် ဖမ်းမိတဲ့သူ ၃ ဦးကို မြ၀တီမြို့မ ရဲစခန်းမှ (ပ)၉၇၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။

ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013