DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီအရည်အသွေးနှင့် အချိန်အတွယ် မှန်ကန်မှုမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်မည်
DVB
·
January 17, 2019
စက်သုံးဆီအရည်အသွေးနှင့် အချိန်အတွယ် မှန်ကန်မှုမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်မည်
Donate to DVB

ပုဂ္ဂလိကဆီဆိုင်တွေမှာ ရောင်းချနေတဲ့ စက်သုံးဆီတွေရဲ့ သတ်မှတ်အရည်အသွေးနဲ့ အချိန်အတွယ် မှန်ကန် ပြည့်ဝမှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးတာကို အခုထက်ပို တိုးမြှင့်ဆောင်ရွက်ပြီး အရေးယူသွားဖို့ ရှိနေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

သတ်မှတ်အရည်အသွေးနဲ့ အခြင်အတွယ် ပြည့်မီ မှန်ကန်မှုမရှိရင် ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၉(ခ)အရ ၆ လထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ၅ သိန်းကနေ အများဆုံး သိန်း ၅၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူခံရမယ်လို့ မြန်မာ့ရေနံနဲ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းက ဒုညွန်ကြားရေးမှူး ဦးလှဝေက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဝန်ကြီးဌာနအနေနဲ့ အခုလို ရှောင်တခင်စစ်ဆေးတာတွေကို Mobile Fuel Lab ၆ စီးနဲ့ စစ်ဆေးသလို ယာဉ်မပါဘဲ ရှောင်တခင်ဝင်ရောက်ပြီး စက်သုံးဆီ နာမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးတဲ့ နည်းလမ်း နှစ်မျိုးနဲ့ စစ်ဆေးတယ်လို့ ဆိုပါတယ်။

ဒုညွန်ကြားရေးမှူး ဦးလှဝေက “ခါတိုင်း စစ်တာထက်ကို ပိုပြီးတော့ ထပ်တိုးမြှင့်ဆောင်ရွက်ဖို့ ဆိုပြီးတော့ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကနေပြီး ပြည်နယ်နဲ့ တိုင်းရောင်းဝယ်ရေးအရာရှိတွေကို ညွန် ကြားတဲ့အပိုင်းက တပိုင်း၊ နောက် ရေနံကြီးကြပ်ထိန်းသိမ်းရေးကော်မတီကနေပြီးတော့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဆပ်ကော်မတီတွေကို စစ်ပါဆို တဲ့အပိုင်း အဲနှစ်ပိုင်းနဲ့ အခုဟာ တိုးမြှင့်ပြီးတော့ ဆောင်ရွက်မှာ။ အရင်လည်း မစစ်ခဲ့ရဘူးလားဆို အများကြီး စစ်ခဲ့ရတယ်”လို့  ပြောပါတယ်။

Mobile Fuel Lab ၆ စီးနဲ့ ရှောင်တခင်စစ်ဆေးတာမှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး တို့လို မြို့ကြီးတွေနဲ့ အနီးတ၀ိုက်ပဲ စစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ တွေ ဖွဲ့စည်းပြီးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013