DVB Logo
Home
မြန်မာသတင်း
ကလေးခရိုင်တရားရုံးက သက်ငယ်မုဒိမ်းမှုဖြင့် အမျိုးသားတဦးအား ထောင်ဒဏ် ၄၃ နှစ်အမိန့်ချ
DVB
·
January 17, 2019
ကလေးခရိုင်တရားရုံးက သက်ငယ်မုဒိမ်းမှုဖြင့် အမျိုးသားတဦးအား ထောင်ဒဏ် ၄၃ နှစ်အမိန့်ချ
Donate to DVB

သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲတင်ထားတဲ့ Lal Biak Lar (လားဗျက်လာ) ကို ဇန်နဝါရီ ၁၆ ညနေပိုင်းက ကလေးခရိုင်တရားရုံးက ပုဒ်မ ၄ ခုခွဲပြီး ထောင်ဒဏ် ၄၃ နှစ် အပြီးသတ် အမိန့်မှတ်လိုက်ပါတယ်။

လားဗျက်လာဟာ ဖလမ်းမြို့နယ်ကနေ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာမှာ လာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်) ကို ၂၀၁၅ ခုနှစ် ဇွန်လ၊ မိုင်….(၁၄နှစ်) ကို ၂၀၁၈ ခုနှစ် ဧပြီလတွေမှာ အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်နေ့က ကယာကံရှင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် မေ ၁၁ ရက်နေ့ကစလို့ ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၂၃ (နာကျင်စေမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁ (မုဒိမ်းပြုကျင့်ရန် ကြိုးစားအားထုတ်မှု) တို့နဲ့ တရားစွဲတင်ထားခဲ့တာပါ။

လားဗျက်လာကို အမျိုးသမီး နှစ်​​ယောက်​က ပုဒ်​မ ၃၇၆ နဲ့ သီးခြားစီ အမှုဖွင့်ထားတာဖြစ်ပြီး ပုဒ်မ ၃၇၆ နှစ်မှုအတွက် တမှုကို ပြစ်ဒဏ် နှစ် ၂၀ စီနဲ့ နာကျင်စေမှု ခြိမ်းခြောက်မှုတွေပါ ခွဲပြီး စုစုပေါင်း ၄၃ နှစ် ပြစ်ဒဏ်ကို ကလေးခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013