DVB Logo
Home
မြန်မာသတင်း
ယာယီတပ်စခန်းသိမ်းပိုက်ခံရသည့်သတင်း မဟုတ်မှန်ဟု အေအေ တုံ့ပြန်
DVB
·
January 17, 2019
ယာယီတပ်စခန်းသိမ်းပိုက်ခံရသည့်သတင်း မဟုတ်မှန်ဟု အေအေ တုံ့ပြန်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအနီး အေအေတပ်ဖွဲ့ရဲ့ယာယီ စခန်းတခုကို ဇန်နဝါရီ ၁၆ ရက်မှာ တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ သတင်းအမှားသာဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် (အေအေ)က တုံ့ပြန် ပြောပါတယ်။

အေအေပြန်ကြားရေးတာဝန်ခံခိုင်သုခက “အဲဒီသတင်းက လုံးဝ မဟုတ်ဘူးဗျ။ သတင်းမှား လွှင့်နေတာပဲလို့ ကျနော်တို့ အဲလိုပဲမြင်ပါတယ်။ ကျနော်တို့ဆီက ဘယ်စခန်းတွေကိုမှ သိမ်းပိုက်ရရှိတာ မရှိသေးဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က သရက်ပြင်ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာ တိုက်ပွဲဖြစ်တာမရှိခဲ့ဖူးလို့လည်းဆိုပါတယ်။

ဇန်န၀ါရီ ၁၅ ရက်နေ့ကတော့ ရသေ့တောင်နဲ့ မောင်တောမြို့နယ်အစပ်နားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်မှာ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာရဲ့ အရှေ့တောင်ဘက်မီတာ ၂၈၀၀ လောက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

အခုတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို  ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ အေအေ အင်အား ၅၀  လောက် အခြေပြုနေတဲ့ ယာယီစခန်းတခုကို ဇန်န၀ါရီ ၁၆ ရက်က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းဘက်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အေအေအဖွဲ့ဝင်  အလောင်းငါးလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းပိုက်ရရှိတယ်လို့လည်း တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013