DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် ရိုက်ထားသည့် ရုပ်ရှင်အပါအ၀င် ဂျပန်ရုပ်ရှင် ၁၃ ကားပြသမည်(ရုပ်သံ)
DVB
·
January 17, 2019
မြန်မာပြည်တွင် ရိုက်ထားသည့် ရုပ်ရှင်အပါအ၀င် ဂျပန်ရုပ်ရှင် ၁၃ ကားပြသမည်(ရုပ်သံ)
Donate to DVB

ဂျပန်ရုပ်ရှင်ချစ်သူတွေအတွက်၊ ဂျပန်ရုပ်ရှင်ပွဲတော် Japanese Film Festival 2019 ကို ရန်ကုန်မြို့နဲ့  မန္တလေးမြို့တွေမှာ ရှေ့လာမယ့်သီတင်းပတ် စတင်ကျင်းပဖို့ ရှိပါတယ်။

ဒီပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်တို့ကနေ ကြီးမှူးကျင်းပတာဖြစ်ပြီး ဇန်န၀ါရီ ၂၅ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ ဇန်န၀ါရီ ၂၅ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ နေပြည်တော်ရုပ်ရှင်ရုံနဲ့ JCGV ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပြီး မန္တလေးမှာတော့ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၀ ရက်အထိ ၀င်းလိုက်ရုပ်ရှင်ရုံမှာ ပြသသွားမှာပါ။

ဒီပွဲတော်မှာတော့ မြန်မာနိုင်ငံမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ၂ ကားနဲ့ ဂျပန်နိုင်ငံမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ၁၁ ကားအပါအ၀င် ရုပ်ရှင်ကား စုစုပေါင်း ၁၃ ကားကို ပြသသွားမှာပါ။

အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ရှုနိုင်မယ့် ဒီရုပ်ရှင်ကားတွေကိုတော့ ကြည့်ရှုလိုသူတွေ အနေနဲ့ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ကာ ရုပ်ရှင်လက်မှတ်တွေကို ပွဲမစခင် တနာရီကြိုတင် ဦးရာလူ စနစ်နဲ့ အခမဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ပြသမယ့် ပွဲချိန်တွေနဲ့ ရုပ်ရှင်ကားတွေကိုတော့ အောက်ဖော်ပြပါ ဖေ့စ်ဘွတ်ခ် လင့်ခ်မှ တဆင့် ၀င်ရောက်ကြည့်ရှုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013