DVB Logo
Home
မြန်မာသတင်း
တရားမဝင်လုပ်ငန်းဖြစ်သည့် ကြားကားများကို ဥပဒေနှင့်အညီထိန်းကျောင်းမည်
DVB
·
January 17, 2019
တရားမဝင်လုပ်ငန်းဖြစ်သည့် ကြားကားများကို ဥပဒေနှင့်အညီထိန်းကျောင်းမည်
Donate to DVB

ရန်ကုန်မြို့တွင်းမှာ ညပိုင်းပြေးဆွဲနေတဲ့ ကြားကားတွေကို ဥပဒေနဲ့ အညီ ထိန်းကျောင်းသွားမယ်လို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ အခုလိုပြောဆိုသွားတာပါ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကြားကား စနစ်ကို ကျနော်တို့ လက်ခံထားတာ မရှိပါဘူး။ ဥပဒေပြင်ပက လုပ်ငန်းတခုပါ။ တရားမဝင် လုပ်ငန်းဖြစ်တဲ့အတွက် သူတို့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့လဲမရှိပါဘူး။ ဥပဒေနဲ့အညီ ထိန်းကျောင်းသွားမှာပါ။ ကျနော်တို့က တရားဝင်လုပ်ငန်းတွေ အဆင်ပြေချောမွေ့ဖို့ကိုပဲ ပံ့ပိုးကူညီပေးမှာပါ” လို့ ပြောပါတယ်။

လက်ရှိမှာ ၂၄ နာရီ ပြေးဆွဲနေတဲ့ Omni Focus ကုမ္ပဏီက ဘတ်စ်ကားတွေဟာ ကြားကားတွေရဲ့ ရန်ရှာတာကိုခံနေရတယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

၂၄နာရီ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေ စနစ်တကျ ပြေးဆွဲပေးနိုင်အတွက် ရန်ကုန်မြို့ရဲ့ လုံခြုံရေးကို အဆင့်မြှင့်တင်ပေးသွားမယ်လို့ ၀န်ကြီးချုပ် ကပြောပါတယ်။

YBS ယာဉ်လိုင်းတွေ ရန်ကုန်မြို့မှာ ပြေးဆွဲလာတာ ၂နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် ညပိုင်းကို ယာဉ်လိုင်းအများစုက ည ၉ နာရီထိပဲ ပြေးဆွဲပေးတာကြောင့် ကြားကား ပြေးဆွဲတာတွေကတော့ ဆက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013