DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင်ကျင်းပသည့် မိုင်းဖုန်းဆရာတော်တရားပွဲ လူသောင်းနှင့်ချီ လာရောက်ကြားနာ  
DVB
·
January 16, 2019
ချင်းမိုင်တွင်ကျင်းပသည့် မိုင်းဖုန်းဆရာတော်တရားပွဲ လူသောင်းနှင့်ချီ လာရောက်ကြားနာ  
1 / 7
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖုန်းမြို့နယ် လွယ်လိန်းကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ  (မိုင်းဖုန်းဆရာတော်)ဟာ ဒီကနေ့ ဇန်န၀ါရီ ၁၆ ရက် မနက်က ထိုင်းနိုင်ငံ  ချင်းမိုင်မြို့ကို ကြွရောက် တရားဟောခဲ့ပါတယ်။

တရားပွဲကို မယ်ရိမ်းမြို့နယ်ရှိ အမှတ် ၇ တိုင်းစစ်ဌာနချုပ်နယ်မြေ သူရဲေ ကာင်းဗြနရာဇ်ရုပ်ထု ရင်ပြင်မှာကျင်းပပြီး ထိုင်းနဲ့ ရှမ်းတိုင်းရင်းသား၊ ရွှေ့ပြောင်းအလုပ်သမားတွေ သောင်းနဲ့ချီ လာရောက် တရားနာခဲ့ကြပါတယ်။

ဆရာတော်ဟာ အသက် ၁၂ နှစ်၊ ၁၃ နှစ်ရွယ် ကိုရင်လေးဘ၀က ချင်းမိုင်ကို တခေါက် ရောက်ခဲ့ဖူးပြီး အဲဒီကတည်းကစ မြန်မာ၊ တရုတ်၊ ဘူတန်စတဲ့နိုင်ငံနဲ့ အခြားဒေသတွေမှာ သွားရောက်သာသနာပြုပြီး ဦးပဉ္စင်းဘ၀၊ ရဟန်းဘ၀သို့ ရောက်ရှိခဲ့ပေမယ့် ချင်းမိုင်ကိုတော့ ယခုမှ ပြန်ရောက်လာတာဖြစ်ပါတယ်။

ဆရာတော်အနေနဲ့ အရင်ကိုရင်ဘ၀က ချင်းမိုင်က ဒကာ၊ ဒကာမတွေကို ပြန်လည် ကျေးဇူးဆပ်တဲ့အနေနဲ့ ကြွရောက်တရားချီးမြှင့်ရတာ ဖြစ်ကြောင်း၊ လောကမှာ ငွေတွေဟာ ရှာရလွယ်ပြီး စေတနာရှာရခက်ကြောင်း၊ ရခဲတဲ့လူ့ဘ၀ကို ရရှိပြီးတဲ့နောက် ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်ဆုံးမတရားတွေကြားနာရတာဟာ လွန်စွာကံကောင်းလှတယ်လို့ ဆရာတော်က မိန့်ကြား ပါတယ်။

ရှေးခေတ်ကလူတွေဟာ အသက်ရှည်ပြီး ယခုခေတ်ကာလမှာတော့ တဦးပေါ်တဦးစေတနာ နည်းပါးတာ၊ မကောင်းမှုကျူးလွန်သူတွေများလာတာကြောင့် လူ့သက်တမ်းဟာ တဖြည်းဖြည်း တိုတောင်းလာမှာဖြစ်ကြောင်း၊ ဒါကြောင့်  ရရှိခိုက်ဘ၀ကလေးမှာ အကျင့်သီလမြဲဖို့ မေတ္တာ၊ သစ္စာ၊ မုဒိတာ ပွားများဖို့၊ သတိတရားရှိဖို့၊ လူသားချင်းချင်း အမျိုးဘာသာသာသနာ မခွဲခြားဘဲ ချစ်ကြည်စည်းလုံးဖို့ ဟောကြားပါတယ်။

ဆရာတော်ဟာ ချင်းမိုင်တရားပွဲပြီးရင် ဘန်ကောက်၊ အဲဒီကနေ ဘူတန်နိုင်ငံသို့ ကြွရောက်မှာဖြစ်ကြောင်း၊ ဘူတန်နိုင်ငံက ပြန်လာရင်တော့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ် ခရိုင်ရှိ မိုင်းကျက်ဂူကြီးထဲမှာ ၃ နှစ် ၃ လနဲ့ ၃ ရက်တိတိ ဂူအောင်း တရားထိုင်ဖို့ အစီအစဉ် ရှိပါတယ်။

ဆရာတော်ကြွလာမယ်လို့ သတင်းရတာကြောင့် ထိုင်းနယ်စပ် ချင်းဒေါင်း၊ ဖန်စ တဲ့ မြို့နယ်က  ရှမ်း၊ ပလောင်၊ ပအိုဝ်း အစရှိတဲ့တိုင်းရင်းသားတွေပါ မနေ့ကတည်းက ခရီးထွက် လာကြပြီး ကနေ့မနက်စောစော မိုးမလင်းခင် ၂ နာရီလောက်ကတည်းက လာရောက်နေရာယူ  စောင့်ဆိုင်းနေခဲ့ကြပါတယ်။

တရားပွဲမှာ အစားအသောက်၊ အဖျော်ယမကာတွေ လာရောက် ကုသိုလ်ပြုလှူဒါန်းသူလည်း အထူးများပြားတာကိုလည်း တွေ့ရပါတယ်။

ဆရာတော်ဟာ သက်သတ်လွတ်ဘုဉ်းပေးတာကြောင့် နိဗ္ဗာန်ဈေးမှာ သားငါးပါတဲ့ အစားအစာတွေ မလှူဖို့  တရားပွဲဖြစ်မြောက်ရေးအဖွဲ့က နှိုးဆော်ထားပြီး ဆရာတော်ရဲ့အနီးကို ၀ိုင်းအုံ ချဉ်းကပ်ခြင်းမပြုဖို့၊ ဓာတ်ပုံဗွီဒီယိုရိုက်ခြင်းတွေမပြုဘဲ ငြိမ်သက်စွာထိုင်ပြီးတရားနာကြဖို့ အသိပေးထားပါတယ်။

မိုင်းဖုန်းဆရာတော်မှာ  သက်သတ်လွတ်သာဘုဉ်းပေးခြင်း၊ အများသူငှာ လှူဒါန်းမှုတွေကို ပြန်လည်စွန့်ကြဲခြင်း၊ ဘုရားစေတီဇရပ်များ ဦးဆောင်ဆောက်လုပ်လှူဒါန်းခြင်း၊ လူသူမနီးတော နက်ထဲက ဂူတွေမှာ လပေါင်းများစွာ တရားထိုင်ခြင်း၊ မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်၊ ဘူတန် စတဲ့နိုင်ငံက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်း ခံရတာကြောင့် လူအများရဲ့ ကြည်ညို လေးစားမှု အထူးခံရတဲ့ ဆရာတော် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013