
တပ်မတော်အရာရှိဇနီးရဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့တဲ့ အိမ်အကူ ဒေါ်ကရင်မအမှုကို ဇန်နဝါရီ ၁၆ ရက်က ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးမှာ ဥပဒေအရာရှိက လျှောက်လွှဲ ချက်တင်လိုက်ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ တရားလိုဘက်ကရော တရားခံဘက်ကပါ လျှောက်လွှဲချက်တင်ခဲ့ပြီး ဒီလျှောက်လွှဲချက်တွေအပေါ် လာမယ့် ဇန်နဝါရီ ၂၃ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ပြန်လည် အမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။
ဒေါ်ကရင်မအမှုကို လက်ခံစစ်ဆေးပေးနေတဲ့ တရားသူကြီးဟာ ပင်စင်ယူသွားတာကြောင့် အသစ်ရောက်လာမယ့် တရားသူကြီးက ဒီအမှုကို ဆက်လက် လက်ခံစစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။
အိမ်အကူ ဒေါ်ကရင်မ သေဆုံးခဲ့တဲ့အမှုမှာ စွပ်စွဲခံရတဲ့ အိမ်ရှင်အမျိုးသမီးဟာ ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။











