DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့နယ် ဒုတိယအကြိမ် ရေကြီး
DVB
·
September 17, 2012
သာပေါင်းမြို့နယ် ဒုတိယအကြိမ် ရေကြီး
Donate to DVB

မကြာသေးခင်က ရေနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် င၀န်မြစ်ရေလျှံပြီး သာပေါင်းမြို့နယ် ကျေးရွာ အတော်များများမှာ ရေကြီးမှုတွေ ထပ်မံဖြစ်ပွားတာလို့ သာပေါင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးကိုကိုဇင်က ပြောပါတယ်။

[caption id="attachment_30888" align="alignleft" width="300" caption="သာပေါင်းမြို့ရေကြီးစဉ်က"][/caption]

မိုးများပြီး မြစ်ရေလျှံမှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး ဩဂုတ်လကုန်ပိုင်းလောက် အထိ သာပေါင်းမြို့နယ်က ကျေးရွာ အုပ်စုပေါင်း ၆၀ လောက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ ရပြီး ရေအနည်းငယ်ပြန်ကျသွားချိန် အခုလို ဒုတိယအကြိမ် ရေပြန်တက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၄ ရက်လောက်ကတည်းက ရေထပ်မံတက်လာတာဖြစ်ပြီး င၀န်မြစ်ရဲ့အရှေ့ဘက် ကမ်းခြေမှာရှိတဲ့ ကျေးရွာအုပ်အစု ၁၂ အုပ်စုက ရွာပေါင်း ၅၀ လောက် ရေဘေးဒဏ် ထပ်ပြီး ခံစားနေရတယ်လို့ ဦးကိုကိုဇင်က ပြောပါတယ်။

“ရေက ပထမ သာပေါင်းရဲ့ စိုးရိမ်ရေမှတ် ၁၅ ပေလောက် ကျသွားပါတယ်။ စိုးရိမ်ရေမှတ်က ၁၇ ပေရှိပါတယ်။ ရေကျသွားပြီး ပြန်တက်လာတော့ ၁၇ ပေလောက်ရှိပါတယ်။ တက်လာတာ ၄ ရက်လောက်ရှိပြီ။ အိမ်မြုပ်လောက်တဲ့ အဆင့်ထိတော့ မရှိသေးဘူး။ ၁၉ ပေလောက်ဆိုရင် အိမ်တွေပါမြုပ်တဲ့အဆင့်ရောက်မှာပေါ့။ လူတွေကတော့ သူ့အိမ်နဲ့သူနေတုန်းပဲ ။ ပြောင်းရွှေ့ဖို့ မလိုသေးပါဘူး။ ရေပြန်တက်တဲ့အခါ သာပေါင်းမြို့နယ်ထဲက င၀န်မြစ်ရဲ့ အရှေ့ဘက်ကမ်းခြေမှာ ရှိတဲ့ ၁၂ အုပ်စုလောက်က ရေထဲမှာပဲရှိသေးတယ်။ ရွာကွဲ ၅၀ လောက်ရှိမယ်။”

ပထမအကြိမ်ရေကြီးတုန်းက မိုးဦးစိုက်တဲ့ ကုန်းမြင့်စပါး ၇၀၀၀ ကျော်ပျက်စီးခဲ့ရပြီး ဒီပျက်စီးတဲ့ လယ်တွေကို ပြန်လည်စိုက်ပျိုးမှုလုပ်နေချိန်မှာပဲ ရေထပ်ကြီးတဲ့အတွက် ပြန်စိုက်စပါး ပျက်စီးကုန်တယ် လို့ ဦးကိုကိုဇင်က ပြောပါတယ်။

ရေဘေးသင့်ကျေးရွာတွေကို အစိုးရပါအ၀င် အလှူရှင်တွေက အစားအသောက်အတွက် ကူညီပေးတာရှိပေမယ့် ကျန်းမာရေးပိုင်းမှာတော့ အအေးမိပြီး တုပ်ကွေးဖြစ်ကြတယ် လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013