DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင် ကျောင်းသားများ စာမေးပွဲဖြေဆိုနိုင်အောင် စီစဉ်ပေးမည်
DVB
·
January 16, 2019
ရခိုင်စစ်ဘေးရှောင် ကျောင်းသားများ စာမေးပွဲဖြေဆိုနိုင်အောင် စီစဉ်ပေးမည်
Donate to DVB

ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင် ကျောင်းသားတွေအနေနဲ့ ရောက်နေတဲ့နေရာမှာ စာမေးပွဲဖြေလို့ ရအောင် စီစဉ်ပေးမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ရက္ခိုင်တပ်မတော် (အေအေ)နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်ထဲက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာပါ။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက်ကြာရှည်လာတာနဲ့ အမျှဒေသခံတွေ နေရပ်မပြန်နိုင်သေး သလို  မိဘတွေနဲ့ အတူထွက်ပြေးလာတဲ့ ကျောင်းသူကျောင်းသား ကလေးငယ်တွေဟာလည်း အတန်းတင်စာမေးပွဲ နီးလာချိန်မှာ ပညာမသင်ကြားနိုင်ပဲ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြ ရတာပါ။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က “ကျနော်တို့ကတော့ ကယ်ဆယ်ရေးစခန်း တွေမှာ ရောက်နေတဲ့ ကလေးတွေ စာသင်ရေးအတွက် အဲဒီမှာ ဆရာ ဆရာမတွေနဲ့ နီးစပ်ရာကျောင်းတွေမှာ ပူးတွဲသင်မယ်။ လိုအပ်ရင် လိုအပ်တဲ့ စာအုပ်စာတမ်း၊ ဝတ်စုံတို့ ကျနော်တို့ ပေးနိုင်တာရှိရင် ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ ကလေးတွေ မနစ်နာရအောင်တော့ ကျနော်တို့ ဆောင်ရွက်ပေးမှာပါ။ ရောက်တဲ့နေရာမှာ စာသင်လို့ရအောင်၊ စာမေးပွဲဖြေလို့ရအောင်အတွက် ကျနော်တို့ စီစဉ် ဆောင်ရွက်ပေးမှာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၄ ခုကနေ တိမ်းရှောင်နေသူတွေထဲမှာ ကျောင်းသား အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို  စာရင်းကောက်ယူနေပြီး လတ်တလောမှာ အပြည့်အစုံ မသိရသေးဘူးလို့ ပညာရေးမှူးက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ထဲမှာ ဒီနေ့အထိ စစ်ဘေးရှောင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ ၅,၀၀၀ လောက်ရှိတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013