DVB Logo
Home
မြန်မာသတင်း
အဝေးသင် ဝိဇ္ဇာဘာသာစာမေးပွဲဖြေဆိုရန် အနီးကပ်သင်တန်းပုံစံပြောင်းလဲ
DVB
·
January 16, 2019
အဝေးသင် ဝိဇ္ဇာဘာသာစာမေးပွဲဖြေဆိုရန် အနီးကပ်သင်တန်းပုံစံပြောင်းလဲ
Donate to DVB

အခုပညာသင်နှစ်မှာ ဖြေဆိုကြရမယ့် အဝေးသင်တက္ကသိုလ် ဝိဇ္ဇာဘာသာ သင်တန်းတွေအတွက် အနီးကပ်သင်ကြားပေးမယ့်ပုံစံကို ပြောင်းလဲလိုက်တယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက စုံစမ်းသိရပါတယ်။

အဝေးသင် ဝိဇ္ဇာဘာသာရပ် ကျောင်းသားကျောင်းသူတွေအနေနဲ့ အရင်က စာမေးပွဲမဖြေခင် အနီးကပ် သင်တန်း ၁၀ ရက်တက်ရမယ့် စနစ်သစ်အရ အစား ၅ ရက် နှစ် ကြိမ်ခွဲပြီး တက်ရတော့မှာပါ။

အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲက ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက “သိပ္ပံသမားတွေကတော့ အရင်အတိုင်းပါပဲ။ အဝေးသင် ဝိဇ္ဇာတန်းတွေကို မေလထဲမှာ ၅ ရက် Orientation လုပ်ပေးမယ်။ ကျောင်းသားနည်းတာ၊ များတာပေါ် မူတည်ပြီး အသုတ်တွေခွဲမယ်ပေါ့။ အရင်တုန်းကတော့ အနီးကပ် ၁၀ ရက်ကို တခါတည်းသင်၊ တခါတည်း စာမေးပွဲဖြေပေါ့။ အခုကျတော့ မေလထဲမှာ ၅ ရက် Orientation လုပ်မယ်။ ပြီးတော့မှ ပုံမှန်အတိုင်းပဲ အောက်တိုဘာ၊ နိုဝင်ဘာကျမှ ၅ ရက် အနီးကပ် သင်ပြီး စာမေးပွဲဖြေမယ်။ အဲလို ခွဲလုပ်မှာခင်ဗျ” လို့ ပြောပါတယ်။

ဒါဟာ ဝိဇ္ဇာဘာသာရပ် အဝေးသင် နှစ်အားလုံးအတွက် ပြောင်းတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ သိပ္ပံအတန်းတွေကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ လက်တွေ့ သင်တန်းတက်ပြီး အရင်အတိုင်းပဲ စာမေးပွဲဖြေဆိုရမှာပါ။

ဒေါက်တာအောင်အောင်မင်းက “အရင်ကတော့ ကျောင်းအပ်ရင် လိုအပ်တဲ့စာအုပ်တွေ၊ ပို့ချချက် လမ်းညွှန်၊ စာစဉ်တွေ၊ ပို့ချချက်လမ်းညွှန် ဒီဗွီဒီခွေတွေ ပေးလိုက်တာပေါ့။ ကျောင်းသားက ဖတ်ရှု လေ့လာပြီး စာစဉ်ဖြေ၊ ပြန်တင်မယ်ပေါ့။ ပြီးမှ အောက်တိုဘာ၊ နိုဝင်ဘာ စာမေးပွဲကျမှ လာဖြေတာပေါ့။ အဲလိုဆိုတော့ စာစဉ်တွေ ဘာတွေ ဖြေတာ အဆင်မပြေတာတွေရှိတယ်။ အခုကတော့ မေလမှာ Orientation လုပ်မယ်။ ဆရာ ဆရာမက လမ်းညွှန်မှုပေးလိုက်မှာပါ။ ပထမ နှစ်ဝက်မှာ ဘာတွေပါတယ်၊ ဘယ်လို လေ့လာရမယ်ဆိုတာ ရှင်းပြလိုက်မှာပေါ့။ အဝေးသင်ရဲ့ အဓိကကလည်း ကိုယ်တိုင်လေ့လာရတဲ့အချိန်များတာပဲလေ။ ကိုယ်တိုင်လေ့လာတတ်အောင် သူတို့ကို မေလထဲမှာ Orientation လုပ်လိုက်တော့ စာစဉ်တွေဘာတွေ ဖြေတတ်လာမှာပေါ့။ ဒုတိယပိုင်း ၅ ရက်ကတော့ အနီးကပ်သင်တန်းလို့ပဲ သုံးနှုန်းထားပါတယ်” လို့ ပြောပါတယ်။

ပညာရေးကောလိပ်နဲ့ ပညာရေးတက္ကသိုလ်တွေရဲ့ စာပေးစာယူသင်တန်းတွေကို မနှစ်ကစပြီး  ခုလို ပုံစံသစ်နဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

အဝေးသင်ပညာရေးစနစ်ဟာ ထိရောက်တဲ့ ပညာပေးနိုင်တဲ့စနစ်မဖြစ်ခဲ့လို့ ပြောင်းလဲ နိုင်အောင် ကြိုးစားနေသလို အဆင့်မြင့်ပညာရေးနဲ့ဆိုင်တဲ့ဌာနတွေဟာ ကိုယ့်သဘော၊ ယုံကြည်ချက်နဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်အောင် စဉ်စားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013