DVB Logo
Home
မြန်မာသတင်း
ပြည်ခရိုင်တွင် ကျောက်စရစ်ထုတ်ယူမှုရပ်တန့်ရေး ဆန္ဒပြ
DVB
·
January 16, 2019
ပြည်ခရိုင်တွင် ကျောက်စရစ်ထုတ်ယူမှုရပ်တန့်ရေး ဆန္ဒပြ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ကျောက်စရစ်ထုတ်ယူမှု ရပ်တန့်ပေးဖို့အတွက် မြို့နယ် သုံးခုက ဒေသခံတွေစုရုံးပြီး  လှေတွေနဲ့ ဧရာဝတီမြစ်ထဲနဲ့ ကမ်းပါးနှစ်နေရာမှာ ဒီကနေ့မနက် ဆန္ဒပြကြပါတယ်။

ဦးဆောင်သူ ဆန္ဒပြခဲ့တဲ့ ဦးကျော်ဆွေက “ပြည်ခရိုင်ထဲက ရွှေတောင်မြို့နယ်၊ ပန်းတောင်း မြို့နယ်၊ ပြည်မြို့နယ်တွေထဲက ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်ထုပ်ယူခွင့် ပေးထားတာကြောင့် ကမ်းပါးတွေပြိုကျပြီး အိမ်တွေရေထဲပါသွားတာတွေ၊အိမ်နေရာဖယ်ရှားပေးရတာတွေ၊ လုပ်စားမြေ တွေ ရေထဲပါသွားတာတွေ နှစ်စဉ်ဖြစ်ပွားနေခဲ့ပြီး ရေလုပ်သားတွေ ငါးရှာဖွေဖမ်းဆီးလို့ မရကြတော့ပါဘူး။ ဒါကြောင့် မြို့နယ် သုံးခုက ဒေသခံအင်အား  တထောင်ကျော်နဲ့ တောင်းဆို ဆန္ဒပြကြတာ”လို့ ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို ရွှေတောင်မြို့နယ် တက်သစ်ကျွန်းကျေးရွာ သောင်ပြင်ကနေစခဲ့ပြီး အဲဒီကနေ ဧရာဝတီမြစ်ထဲကို ငါးဖမ်းစက်လှေအစီး ၁၀၀ ကျော်နဲ့ ဧရာဝတီမြစ်ကိုဆန်တက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီကနေ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာနရုံးရှေ့ကို သွားပြီး ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။

‌ ဆန္ဒပြပွဲမှာ ရွှေတောင်မြို့နယ်ထဲက မြို့မကျေးရွာ၊ တက်သစ်ကျွန်းကျေးရွာ၊ ကျီးသဲအုပ်စု၊ ပန်းတောင်းမြို့နယ်ထဲက စီသာရပ်ကွက်၊ ဖောင်းကံရပ်ကွက်၊ ရွာသာရာကျေးရွာစင်္ကြကျွန်းနဲ့ ပြည်မြို့နယ်အတွင်းက ကျေးရွာတွေ စုပေါင်းပါဝင်ခဲ့ကြတာပါ။

ကျောက်စရစ်စုပ်ယူမှုကို ပရမ်းပတာ ခွင့်ပြုမပေးဖို့၊ ကျောက်စရစ်စုပ်ခွင်နဲ့ ရွှေတူးဖော်နေတာတွေကို ခွင့်မပြုဖို့၊ ငါးလုပ်ငန်း လုပ်ကိုင်နေ သူတွေ ငါးဖမ်းခွင့်ရရေး ကျောက်စရစ်စုပ်ယူမှုကို လုံးဝရပ်တန့်ရေးအတွက် ပိုစတာတွေ ကိုင်ဆောင်ပြီး ဒေသခံတွေက ကြွေးကြော် ဟောပြော တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013