DVB Logo
Home
မြန်မာသတင်း
ဂျပန်နဲ့ ထိုင်းအလှကုန်ပစ္စည်း ၃ မျိုး အများပြည်သူ သုံးစွဲရန်မသင့်ကြောင်းကြေညာ
DVB
·
January 16, 2019
ဂျပန်နဲ့ ထိုင်းအလှကုန်ပစ္စည်း ၃ မျိုး အများပြည်သူ သုံးစွဲရန်မသင့်ကြောင်းကြေညာ
Donate to DVB

ဂျပန်နဲ့ ထိုင်းအလှကုန်ပစ္စည်း အမျိုးအစား ၃ မျိုးကို အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

ဂျပန်ဘာသာနဲ့ ရေးသားဖော်ပြထားတဲ့ Anti-Freckle - Freckle removing Cream အလှကုန်ပစ္စည်းနဲ့  ထိုင်းနိုင်ငံလုပ် SMIZE Whitening Night Cream နဲ့ P-Vita Melasma Cream တို့ကို ပိတ်ပင်လိုက်တာပါ။

အဆိုပါပစ္စည်း ၃ မျိုးဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာနမှာ မှတ်ပုံတင်မထားတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာ တုပစ္စည်း မာကျူရီ ပါဝင်နေတယ်လို့ စစ်ဆေးတွေ့ရှိရလို့  အများပြည်သူသုံးစွဲဖို့ မသင့်ဘူးလို့ ဆိုပါတယ်။

တားမြစ်ဓာတုပစ္စည်း မာကျူရီဟာ အရေပြားယားယံ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားက တဆင့် ခန္ဓာကိုယ်အတွင်းထဲကို စုပ်ယူပြီး ထုံကျင်၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနွယ် ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးနိုင်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

အများပြည်သူ သုံးစွဲဖို့ မသင့်တဲ့အကြောင်း ကြေညာထားတဲ့ ပစ္စည်းတွေကို တင်သွင်းရောင်းချ ဖြန့်ဖြူတာတွေ မလုပ်ကြဖို့နဲ့ မလိုက်နာရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။  

ဓာတ်ပုံ- FDA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013