DVB Logo
Home
မြန်မာသတင်း
ဒေါ်နန္ဒမာလာကို ကျပ် သိန်း ၁၀,၀၀၀ ဖြင့် လှိုင်မြို့နယ်တရားရုံး အာမခံပေး
DVB
·
January 15, 2019
ဒေါ်နန္ဒမာလာကို ကျပ် သိန်း ၁၀,၀၀၀ ဖြင့် လှိုင်မြို့နယ်တရားရုံး အာမခံပေး
Donate to DVB

ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာကို လှိုင်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး အာမခံ​လျှောက်​ထားတာကို ကျပ်သိန်း ၅၀၀၀ အာမခံ ၂ ​ဦး၊ သိန်း ၁၀,၀၀၀နဲ့ အာမခံ​ပေးလိုက်​ပါတယ်​​။

ဒီ​နေ့ရုံးချိန်​မှာ​တော့ အာမခံ​ပေးထားတဲ့ပမာဏ အပြည့်မပါတဲ့အတွက်​ ချုပ်​ရက်​ယူလိုက်​ပြီး လာမယ့် ၂၈ ရက်​​နေ့ ရုံးချိန်းမှာ အာမခံ​ငွေ ပမာဏ ကျပ်သိန်း ၁၀၀၀၀ ကို​ ပေး​ဆောင်​ရမှာပါ။

တရားစွဲထားသူ​တွေက​တော့ ဒီလိုအာမခံ​ပေးတဲ့​​အ​ပေါ်​ ကျေနပ်​မူမရှိဘူးလို့ ပြောပါတယ်​​။ ဒေါ်နန္ဒမာလာက​တော့ တရားဥပ​ဒေအတိုင်းရင်​ဆိုင်​သွားမယ်​လို့ ဒီ​နေ့ရုံးချိန်းမှာ ​ပြောဆို လိုက်​ပါတယ်​။

ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ လှိုင်မြို့နယ်နဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာ တရားစွဲဆို ထားတာပါ။

သူ့ကို ဖမ်းဆီးရမိပြီးနောက် ဇန်နဝါရီ ၃ ရက်နေ့မှာ မဟာအောင်မြေတရားရုံးက ဒေါ်နန္ဒမာလာကို အာမခံပေးခဲ့ပါတယ်။

ဒေါ်နန္ဒမာလာဟာ သူ့ဆီလာပြီး အကြားအမြင်မေးသူတွေထံကနေ ကျပ်သိန်းပေါင်း တသိန်းကျော် လိမ်လည်ထားတယ်လို့လည်း စွပ်စွဲ ပြောဆိုမှုတွေရှိနေပါတယ်။

ဒေါ်နန္ဒမာလာအကြောင်းကို ကြည်ညိုဖွယ်ရာသာသနာပြုပုဂ္ဂိုလ်ဆိုပြီး နိုင်ငံပိုင်ရုပ်သံတခု က ရိုက်ကူးတင်ဆက်ခံရသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013