DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 15, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၆၈၅၀၀ ပေါက်ဈေးရှိပြီး ၁၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၈၀၀၀ ကနေ ၇၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) တအိတ်ကို ၆၈၉၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို ၇၆၀၀၀  ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၇၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိသာဝင်တအိတ်ကို ၁၅၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၃၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်စမုံ

မကွေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိသာဝင်တအိတ်ကို ၂၁၈၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၈၀၀၀၀ ကနေ ၂၂၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၈၀၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနီ

မကွေးကုန်စည်ဒိုင်မှာ နှမ်းနီက ၄၅ ပိသာဝင်တအိတ်ကို ၁၆၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းနီတအိတ်ကို ၁၅၉၀၀၀ ကနေ ၁၆၀၅၀၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၇၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၆၅၀ ကနေ ၈၇၅ အထိ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၂၀၀ ကနေ ၉၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013