DVB Logo
Home
Lead Story
မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အချစ်ဒရာမာရုပ်ရှင်- ထာဝရ ထက်နှစ်ဆ(နမူနာ)
DVB
·
January 15, 2019
မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အချစ်ဒရာမာရုပ်ရှင်- ထာဝရ ထက်နှစ်ဆ(နမူနာ)
Donate to DVB

သုံးပွင့်ဆိုင်မြန်မာ အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ ထာဝရထက်နှစ်ဆ ရုပ် ရှင်ကားကို လာမယ့် ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီကားကိုတော့ ဖိုးသူတော်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ထက်မြတ်နိုင်ဇင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

    သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကား ကတော့ ဘောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ Sanam Teri Kasam ရုပ် ရှင်ကို ကျောရိုးယူရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာတော့ ပွဲဆူနေတဲ့ ဇာတ် ကားတကားဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲမှာတော့ ရည်းစားရှိနေတဲ့ ညီမကို အိမ် ထောင်ပြုပေးဖို့အတွက် အစ်မကို အရင်ဆုံးအိမ်ထောင်ပြုပေးဖို့  မိသားစုဝင်တွေက သ တို့သားလောင်းရှာဖွေကြပေမယ့် အစ်မက ခပ်တုံးတုံးမိန်းကလေးတယောက် ဖြစ်နေလို့ အိမ်ထောင်ဖက်ရှာမတွေ့ပဲ ဖြစ်နေခဲ့တာပါ။ အဲဒီအချိန် သူတို့အိမ်နားကို လူရှုပ်တ ယောက် ပြောင်းရွှေ့လာခဲ့ချိန်မှာတော့ မိသားစုနှစ်စုကြားမှာ ထင်မှတ်မထားတဲ့ အလွဲအ ချော်တွေ ကြုံတွေ့ရတာတွေကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားခဲ့တာပါ။ မြန်မာရုပ်ရှင်ဖြစ်တဲ့ ထာဝရထက် နှစ်ဆမှာတော့ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာတော့ ပရိသတ်ရှေ့မှာ မတွေ့ရတာကြာပြီဖြစ်တဲ့ သရုပ်ဆောင်မင်း သား မင်းမော်ကွန်းနဲ့အတူ မြင့်မြတ်၊ ရွှေမှုံရတီတို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထား ကြတာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားရဲ့ Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းနီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013