DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀ ထက် ထပ်တိုးပေးရန်  FTE စက်ရုံလုပ်သားများ ဆန္ဒပြ
DVB
·
January 15, 2019
အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀ ထက် ထပ်တိုးပေးရန်  FTE စက်ရုံလုပ်သားများ ဆန္ဒပြ
1 / 5
Donate to DVB

အနည်းဆုံးလုပ်အားခ အခကြေးငွေ တနေ့  ကျပ် ၄၈၀၀ ထက် ထပ်တိုးပေးဖို့ ရန်ကုန် လှိုင်သာယာ FTE စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေက ဒီကနေ့ သပိတ်စခန်းဖွင့် တောင်းဆို ဆန္ဒဖော်ထုတ်နေပါတယ်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ရှိ FTE စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ ဇန်နဝါရီ လဆန်းကတည်းက စက်ရုံဝင်းထဲမှာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပြီး ပြေလည်မှုမရတာကြောင့် ဒီနေ့ စက်ရုံအပြင်ဘက်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာပါ။

အလုပ်သမားတွေအနေနဲ့  အချက်၁၀ချက်ကို တောင်းဆိုထားတယ်လို့ FTE အခြေခံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခိုင်ကပြောပါတယ်။

“စက်ရုံမှာက အလုပ်သမားအသစ်နဲ့ အဟောင်းကို လစာ တနေ့ ကျပ် ၄၈၀၀ တန်းတူပဲ ပေးထားတယ်။ အဲဒါကြောင့် ၆ လပြည့်ပြီးရင် ၂၀၀ကျပ်၊ ၁နှစ်ပြည့်ပြီးရင် ၃၀၀ကျပ် ထပ်ပေါင်းပေးဖို့ တောင်းဆိုတာပါ”

တရုတ်နိုင်ငံသားပိုင် ဒီစက်ရုံဟာ လျှပ်စစ်ဆိုင်ရာ ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်ရှိတဲ့အနက်  ၂၀၀ ကျော်က ဆန္ဒဖော်ထုတ်နေတာပါ။

သတင်း/ ဓာတ်ပုံ- အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013