DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားအခက်အခဲဖြေရှင်းပေးရန် ထိုင်း-မြန်မာဝန်ကြီးအဆင့်ဆွေးနွေးပွဲ၌တောင်းဆို
DVB
·
January 15, 2019
ရွှေ့ပြောင်းလုပ်သားအခက်အခဲဖြေရှင်းပေးရန် ထိုင်း-မြန်မာဝန်ကြီးအဆင့်ဆွေးနွေးပွဲ၌တောင်းဆို
Donate to DVB

ထိုင်းရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံက အလုပ်သမားဝန်ကြီးတွေထံ အလုပ်သမားအဖွဲ့ အစည်းတွေက  တင်ပြ တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ခုလာမယ့် ဇန်န၀ါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ  မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံက အလုပ်သမားဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကျင်းပဖို့ရှိနေတာပါ။

ဒီဆွေးနွေးပွဲမှာ   ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ထည့်သွင်း ဆွေးနွေးပေးစေလိုတဲ့ အချက်တွေရှိပါက ပေးပို့ထားကြဖို့ အလုပ်သမား ၀န်ကြီးဌာနက ကြိုတင် အကြောင်းကြားထားပါတယ်။

မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ အနေနဲ့လည်း အလုပ်သမားတွေ ထည့်သွင်းဆွေးနွေးပေးစေလိုတဲ့ အချက် ၆ ချက်ကို တင်ပြထားတယ်လို့  ကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကတော့ အချက် ၆ ချက်ရှိပါတယ်။  ၁ အချက် ပရကန်ဆန်ခုံး လို့ခေါ်တဲ့ အလုပ်သမားလူမှုဖူလှုံရေး အာမခံငွေကိစ္စမှာ အလုပ်သမားတွေ လစဉ်ထည့်ဝင်ထားတဲ့ သက်ကြီးပင်စင်စုဆောင်းငွေကို အသက် ၅၅ နှစ်ပြည့်မှထုတ်ပေးဖို့ သတ်မှတ်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့အလုပ်သမားတွေက အများစုက အသက် ၅၅ နှစ်ထိ အလုပ်မလုပ်ပါဘူး။ တချို့လူငယ်တွေဆို အသက် ၅၅ နှစ်မပြည့်ခင် ကိုယ့်နိုင်ငံကိုယ်ပြန်သွားကြပြီ။ အဲဒီတော့ စုငွေတွေဆုံးရှုံးတာပေါ့။ အဲဒါကို မိမိပြန်တဲ့အချိန်ထုတ်ပေးဖို့ တောင်းဆိုတယ်။

အမ်အိုယူလက်မှတ်နဲ့ အလုပ်လုပ်တဲ့အခါ သတ်မှတ်နှုန်းထားတွေထက် အများကြီး ပိုပေးနေရတဲ့ အခက်အခဲ၊ အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို လုပ်ငန်းရှင်တွေကယူထားလို့ လွတ်လွတ်လပ်လပ်သွားခွင့်မရတဲ့ ကိစ္စတွေလည်း တင်ပြဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေလုပ်သားတွေဟာလည်း ဥပဒေက သတ်မှတ်ထားတဲ့ လုပ်အားခမရရှိသေးတာ၊ စာရွက်စာတမ်းတွေ သိမ်းခံထားရတာ၊ အလုပ်ရှင်ပြောင်းလိုက ပြောင်းနိုင်ခွင့်မရတာ၊ ရွှေပြောင်း လုပ်သားတွေရဲ့ သားသမီးတွေကို စာသင်ပေးနေတဲ့ မြန်မာစေတနာဝန်ထမ်း ဆရာ ဆရာမတွေကို အရေးမယူပဲ ခွင့်ပြုပေးရေးကိစ္စတွေပါ တင်ပြထားတယ်လို့  ဦးအောင်ကျော်က ပြောပါတယ်။

အလားတူ မဲဆောက်အခြေစိုက် မြန်မာပြည်သားများပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ကလည်း နှစ်နိုင်ငံ အလုပ်သမားဖြေရှင်းရေး အမြဲတမ်းကော်မတီထားရှိရေး၊ တာ့ခ်ခရိုင် ၈ မြို့နယ်အတွင်း သတ်မှတ်ထားတဲ့ လုပ်အားခအပြည့်ရရှိရေး၊ အထောက်အထား မဲ့လုပ်သားတွေကို သက်ညှာပြီး အထောက်အထားသစ်တွေထုတ်ပေးရေး၊ စစ်ဆေးရေးဂိတ်တွေ မှာ အလုပ်သမားတွေဆီက မတရားငွေတောင်းခံနေတဲ့ကိစ္စ ဖြေရှင်းပေးရေး၊ အလုပ်သမားတွေ ဆီကကောက်ခံထားတဲ့ နေရပ်ပြန်ရံပုံငွေကို လွယ်လင့်တကူထုတ်ယူရရှိရေး၊ မြန်မာလုပ်သားစေ တနာ့ဝန်ထမ်းတွေကို အသိအမှတ်ပြုပေးရေး စတဲ့ အချက် ၉ ချက် တင်ပြတောင်းဆိုထားတယ်လို့  JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနက အကြံပြုချက်တွေ ပေးပို့ဖို့အကြောင်းကြားထားတဲ့ အဖွဲ့ တွေထဲမှာ မဲဆောက်အခြေစိုက် မြန်မာပြည်သားများပူးတွဲ လှုပ်ရှားမှုကော်မတီ JACBA  မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ MWRN၊ ဘန်ကောက်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားကွန်ရက်အဖွဲ့ MMNB၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း  FED ၊ အလုပ်သမားဟစ်တိုင် LH စတဲ့အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013