
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ၁၂လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းကြား ပြည်ကြီးရန်လုံရပ်ကွက်ရှိ အအေးဆိုင်တဆိုင်မှာ မနေ့ မနက်ပိုင်းက အမျိုးသား တဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ပိုင်ရှင်ဦးခင်မောင်မြင့်ရဲ့ အအေးဆိုင် အရှေ့မျက်နှာစာ အမိုးစွန်းမှာ ဦးအေးမင်းဟာ အင်္ကျီလက်ရှည်ကိုလိမ်ပြီး သူ့လည်ပင်းကို စွပ်ကာ သေဆုံးနေခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ ဦးအေးမင်းဟာ အရက်အလွန်အကျွံ သောက်သုံးလေ့ရှိကာ သူ့ဇနီးဖြစ်သူနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး အတူပေါင်းသင်းနေထိုင်ခြင်းမရှိတော့ပဲ အအေးဆိုင်မှာ ကြုံရာ ကြပန်း လုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။











