
နေပြည်တော်စည်ပင်ကနေ ပေးဝေနေတဲ့ရေအတွက် စီးပွားရေးလုပ်ငန်းသုံး ရေဖိုးကို လာမယ့်လက စပြီး၂ ဆ တိုးကောက်တော့မယ်လို့ ကြေညာပါတယ်။
အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ရဲ့ ရေပေးဝေရေးလုပ်ငန်းကနေ စီးပွားရေးလုပ်ငန်း တွေဖြစ်တဲ့ ပွဲရုံဆိုင်ခန်းတွေ၊ အဆင့်မြင့်ဈေးတွေ၊ Shopping Mall၊ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေ၊ ဘဏ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပုဂ္ဂလိကဆေးရုံတွေကို ရေဖိုးရေခတိုးမြှင့် ကောက်ခံမှာပါ။
အရင်က တယူနစ်မှာ ကျပ် ၁၁၀ ကောက်နေရာကနေ လာမယ့် ဖေဖော်ဝါရီကစလို့ ကျပ် ၂၂၀ ကောက်ခံတော့မယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ဒီနေ့ ကြေညာ ပါတယ်။











