DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလှည့်ခရီးသွားများထံက ကျိုက်ထီးရိုး ဇုန်ဝင်ကြေး ကျပ်သိန်း ၁၀,၀၀၀ ကျော်ရ
DVB
·
January 15, 2019
ကမ္ဘာလှည့်ခရီးသွားများထံက ကျိုက်ထီးရိုး ဇုန်ဝင်ကြေး ကျပ်သိန်း ၁၀,၀၀၀ ကျော်ရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို၂၀၁၈ ခုနှစ်အတွင်း လာရောက်လည်ပတ်ခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေဆီက ဇုန်ဝင်ကြေးအဖြစ် ငွေကျပ်သိန်းပေါင်း တသောင်းကျော်ရရှိတယ်လို့ မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကို ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု နှစ်စဉ် ဘုရားဖူးသန်းချီဝင်ရောက်လေ့ရှိပြီး ၂၀၁၈ ခုနှစ်မှာ ပြည်တွင်းဘုရားဖူး ၁,၂၃၉,၆၃၈ ဦးနဲ့ ပြည်ပဘုရားဖူး ၁၀၃,၉၅၆ ဦး ၀င်ရောက်ခဲ့တယ်လို့ မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။

“အများဆုံး လာရောက်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်က ထိုင်းနိုင်ငံက ဖြစ်တယ်။ နောက်ဒုတိယ၊ တတိယက ဗီယက်နမ်နဲ့ ပြင်သစ်ကပါ။ တရုတ်နိုင်ငံကလည်း လာကြတယ်။”

ကျိုက်ထီးရိုးစေတီတော်မှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေဆီက ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသားတဦးကို ကျပ်တသောင်း သတ်မှတ်ထားပါတယ်။

၂၀၁၇ ခုနှစ်က ကျိုက်ထီးရိုးစေတီတော်ကို နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၂၀,၁၉၉ ဦးလာရောက်လည်ပတ်ခဲ့ပြီး ဇုန်ဝင်ကြေး သိန်း ၈၀၀၀ ကျော်ရရှိခဲ့ပါတယ်။  ၂၀၁၆ ခုနှစ်ကတော့ ဇုန်ဝင်ကြေး ငွေကျပ်သိန်းပေါင်း ၇၅၃၀ ကျပ်သာ ရရှိခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်ဟာ ဇုန်ဝင်ကြေး အများဆုံး ကောက်ခံရရှိခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။

အဲ့ဒီကောက်ခံရငွေတွေကို မွန်ပြည်နယ်ရဲ့ ဘဏ္ဍာငွေအဖြစ်ထားရှိတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ ဇုန်ဝင်ကြေးကောက်ခံရေးရုံးက သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013