DVB Logo
Home
မြန်မာသတင်း
ခန့်စည်သူနှင့် ခိုင်သင်းကြည်တို့ ခေါင်းဆောင်ပါဝင်သည့် သရဲသင်္ဘောရုပ်ရှင်(နမူနာ)
DVB
·
January 15, 2019
ခန့်စည်သူနှင့် ခိုင်သင်းကြည်တို့ ခေါင်းဆောင်ပါဝင်သည့် သရဲသင်္ဘောရုပ်ရှင်(နမူနာ)
Donate to DVB



ထိတ်လန့်စရာနဲ့ ရယ်မောပျော်ရွှင်စရာတွေကို တပြိုင်တည်း ခံစားကြရမယ့် မြန် မာရုပ်ရှင်ကားတကားဖြစ်တဲ့ သရဲသင်္ဘောကို ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးကာ ဒါရိုက်တာ ရာဇ၀င်ကိုက ရိုက်ကူးပုံဖော်ပေးထားပါတယ်။

ဟာသဇာတ်ကားတကားအဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဒီကားထဲမှာတော့ သရုပ် ဆောင်မင်းသား ခန့်စည်သူနဲ့ မင်းသမီး ခိုင်သင်းကြည်တို့က သရဲဇာတ်ကောင်နေရာက ခေါင်းဆောင်ပါဝင်ထားကြပြီး ရယ်မောစရာ၊ ခြောက်ခြားစရာ၊ ပျော်ရွှင်စရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပါတယ်။

ဒီကားထဲမှာ တခြား သရုပ်ဆောင်တွေအနေနဲ့ သူရိယ၊ ညီထွဋ်ခေါင်၊ ယုသန္တာ တင်၊ သွန်းဆက်၊ ဆုအိမ့်စံနဲ့ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင် ထားကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013