DVB Logo
Home
မြန်မာသတင်း
မှော်ဆန်ဆန် ဂီတအက၊ အလှတွေနဲ့ ရှုစားရမည့် ဂီတဒရာမာရုပ်ရှင် - Mary Poppins Returns (နမူနာ)
DVB
·
January 15, 2019
မှော်ဆန်ဆန် ဂီတအက၊ အလှတွေနဲ့ ရှုစားရမည့် ဂီတဒရာမာရုပ်ရှင် - Mary Poppins Returns (နမူနာ)
Donate to DVB



ရုပ်ရှင်အနုပညာဆိုင်ရာ နာမည်ကြီး အဖွဲ့အစည်းတခုဖြစ်တဲ့ American Film Institute က ချီးမြှင့်တဲ့ Top 10 Films of the Year ဆု အပါအဝင် ဆုတွေအများကြီး ရရှိထားတဲ့ ရုပ်ရှင်ကား - Mary Poppins Returns ကို လက်ရှိ မြန်မာနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။

Musical Fantasy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Rob Marshall က ရိုက်ကူး ပုံဖော်ပေးထားခဲ့တာဖြစ်ပြီး နာမည်ကြီးရုပ်ရှင်ကုမ္ပဏီ WaltDisney Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ ၁၉၆၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mary Poppins ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားအဖြစ် ထွက်လာခဲ့တာပါ။ Michael နဲ့ Jane Banks တို့ဟာ ထူးဆန်းတဲ့ ကလေးထိန်း အမျိုးသမီး Mary Poppins နဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က စိတ်ကူးယဉ်ဆန်ဆန် ကလေးဘဝကို ဖြတ်သန်းခဲ့ရပြီး အရွယ်ရောက်လာချိန်မှာတော့ သူတို့ရဲ့ မျိုးဆက်သစ်ကလေးတွေနဲ့ ဖြတ်သန်းနေရချိန်ကို ရောက်ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ Banks ကလေးတွေကို စောင့်ရှောက်ဖို့ Mary Poppins ဟာ နေအိမ်ကို ကောင်းကင်ကနေ စွန်ကြီးကိုကိုင်ပြီး ရောက်လာခဲ့ချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို မှော်ဆန်တဲ့ တေးဂီတတွေ၊ အကတွေနဲ့အတူ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ရွှေကမ္ဘာလုံးဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Emily Blunt နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Lin-Manuel Miranda, Ben Whishaw, Emily Mortimer နဲ့ Julie Walters တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ကလေးတွေနဲ့ မသင့်တော်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။

ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 7.2 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ ဒီကားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၇ ဒသမ ၉ သန်း စံချိန်တင်ရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့
ဇာတ်ကားတကား ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီကားကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013