DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာဆေးရုံတွင် ဒေါင့်သန်းရောဂါ သံသယရှိသူ ၂ဦး ဆေးကုသမှုခံယူနေ
DVB
·
January 14, 2019
မိတ္ထီလာဆေးရုံတွင် ဒေါင့်သန်းရောဂါ သံသယရှိသူ ၂ဦး ဆေးကုသမှုခံယူနေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးအုပ်စု ဒဟတ္တန်းရွာက သား အမိ ၂ ဦးကို နွားကနေတဆင့်ကူးစက်တဲ့ ဒေါင့်သန်းရောဂါ သံသယရှိတဲ့အတွက် မိတ္ထီလာဆေးရုံ အထူး သီးသန့် ကုသဆောင်မှာ ဆေးကုသပေးနေပါတယ်။

ခရိုင်မွေးမြူရေးနှင့် ကုသရေးဆရာဝန် ဒေါက်တာမြင့်သိန်းဝင်းက “နွားတွေမှာ ဖြစ်တတ်ပြီး နွားက ကူးစက်တယ်လို့ သံသယရှိတဲ့ လူနာ ၂ ဦးပါ။ မနေ့က တွေ့ရတာပါ။ အရင်ထဲက ကာကွယ်မှုတွေ လုပ်ထားပါတယ်။ အခုလည်း အဲရွာရောက်နေပါတယ်။ ပညာပေးတာတွေ ကာကွယ်ဆေးတွေ လုပ်ပေးနေပါတယ်" လို့ ပြောပါတယ်။

ဒေါ်ကြည် (၄၅ နှစ်) နဲ့ သားဖြစ်သူ လွင်မိုး (၂၁ နှစ်)တို့ဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က သူတို့အိမ်က နွားထီးတကောင် ဆီးချုပ်ဝမ်းချုပ်ဖြစ် သေတယ်ဆိုပြီး နွားရဲ့အသားကိုစားခဲ့ရာက  နေမကောင်းဖြစ်ပြီး ဆေးရုံရောက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက “ဒေါ်ကြည်တို့သားအမိကတော့ မိတ္ထီလာ ဆေးရုံမှာ ဆေးကုနေပါတယ်။ နွားကကူးစက်တဲ့ ဒေါင့်သန်းရောဂါလို့ သံသယရှိတယ်။ ပြောကြ တယ်။ ခရိုင်အဆင့် မြို့နယ်အဆင့် တာဝန်ရှိသူတွေ ကျန်းမားရေးအဖွဲ့တွေ မွေးမြူရေးနဲ့ ကုသရေး အဖွဲ့တွေ လာကြတယ်။ ကာကွယ်ဆေးတွေ လုပ်ပေးတယ်။ ပညာပေးဟောပြောတာတွေ လုပ်နေတယ်”လို့ ပြောပါတယ်။

ဒဟတ္တန်းရွာမှာ အိမ်ထောင်စု ၅၆ စု လောက်ရှိပြီး  တအုပ်စုလုံး ရွာ ၆ရွာရှိကာ အိမ်ထောင်စု ၅၀၀ကျော်နေထိုင်ကြတာဖြစ်ပါတယ်။

ဒေါင့်သန်းရောဂါဖြစ်နေတဲ့နွားရဲ့ သွေးနဲ့ ‎အရည်တို့ဟာ လူ့ခန္ဓာမှာ ပေါက်ပြဲနေတာကတဆင့် အသားထဲဝင်သွားတတ်ပါတယ်။ ကိုယ်ခံအားနည်နေရင်လည်း လေထဲကတဆင့် ကူးစက်တတ်ပါတယ်။

ဒီရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးက နာရီဝက်လောက် ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲမှာပဲ သေနိုင်ပြီး မြေကြီးထဲမှာ အနှစ် ၆၀ လောက် နေနိုင်တယ်ဆိုတာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။

၂၀၁၇ ခုနှစ် မေလ ၂၂ ရက်တုန်းက မိတ္ထီလာမြို့နယ် ရွာတန်းရွာနဲ့ အုံတုံရွာက လူ ၆ဦး နွားကတဆင့် ကူးစက်တဲ့ ဒေါင့်သန်းရောဂါ ဖြစ်ခဲ့ဖူးပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013