DVB Logo
Home
မြန်မာသတင်း
ဆရာ ဆရာမများကို စော်ကားပြောဆိုခဲ့သည့် လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူး အရေးယူခံရ
DVB
·
January 14, 2019
ဆရာ ဆရာမများကို စော်ကားပြောဆိုခဲ့သည့် လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူး အရေးယူခံရ
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျောင်းက ဆရာ၊ဆရာမတွေနဲ့ ဒေသကို စော်ကားပြောဆိုခဲ့တဲ့ လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူးကို တခြားဒေသကို ပြောင်းရွှေ့အရေးယူဖို့ တိုင်းဒေသကြီးအစိုးရ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက “ရိုင်းပြစွာ စော်ကားပြီးတော့ ကိုယ်လုပ်ငန်းတာဝန်ကို သေချာမသိဘူးလို့ ယူဆရတဲ့ အုပ်ချုပ်ရေးမှူး အနေနဲ့ ဆရာဆရာမတွေနဲ့ ဒေသကို ကျေနပ်တဲ့ထိ တောင်းပန်ဖို့နဲ့ ဒုတိယအဆင့်က ပြောင်းရွှေ့ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာ" လို့ ဒီဗွီဘီ ကိုပြောပါတယ်။

လေးမျက်နှာမြို့နယ်၊ လှော်ကထား ကျေးရွာရှိ အ.ထ.က လှော်ကထားကျောင်း ပင်မ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအပြီးမှာ တိုင်းထွေအုပ်ဒုညွှန်ချုပ်ဖြစ်တဲ့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးရဲ့ အမျိုးသမီးဖုန်း ပျောက်ဆုံးမှုကြောင့် ဆရာဆရာမတွေကို လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူးက စွပ်စွဲစော်ကားပြောဆိုခဲ့မှု ဖြစ်ပွားခဲ့တာပါ။

တကယ်တမ်းဖုန်းကိုတော့ ကားထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကပြောပါတယ်။

“လူကြီးတွေ ပြန်လည်ထွက်ခွာသွားတဲ့အခါမှာ တိုင်းအုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီးဖုန်း ပျောက်တယ်ဆိုပြီး ဆရာဆရာမတွေကို အခန်းထဲမှာထည့်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့တာသိပါတယ်။ ဘယ်အဆင့်အထိ ပြောကြားခဲ့တယ်ဆို လှော်ကထားဒေသက လူတွေဟာ အားလုံး သူခိုးကြီးပဲဆိုတဲ့ သဘောမျိုး အထိပြောကြားခဲ့တယ်" လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာ ပင်မကျောင်းဆောင်ပေးအပ်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ဆရာဆရာမတွေနဲ့ ဒေသခံတွေကို ရိုင်းပြစော်ကားခဲ့တာနဲ့ ပတ်သက်လို့ facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေထွက်ခဲ့ပြီးနောက် အစိုးရက အခုလို စစ်ဆေးအရေးယူခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - Soe Khaing facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013