
၂၀၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပမယ့် ကွင်းဖွင့်ပွဲအခမ်းအနားကို လေရှီးမြို့ ရိုးရာယဉ်ကျေးမှုကွင်းမှာ ဒီနေ့မနက် ၉ နာရီက ကျင်းပပါတယ်။
ကွင်းအ၀င်မုခ်ဦးကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ ဥက္ကဋ္ဌ ဦးကံဆိုင်း၊ လေရှီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်နဲ့ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ နာယကတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ဖွင့်ပွဲမှာ ၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် တံခွန်တိုင်ကို လက်ယာရစ် တပတ်ပတ်ကာ တံခွန်တိုင်စိုက်ထူပြီး ရိုးရာပန်းအဆောက်အဦရှေ့မှာ ဆုတောင်းတိုင်စိုက်ထူ ခဲ့ကြတာပါ။
၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီ ၁၅ ရက် မနက်ပိုင်း စတင်ကျင်းပမှာ ဖြစ်ပါတယ်။
မင်းရဲစစ်နိုင်










