DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ကေအန်ယူနှင့် ငြိမ်းချမ်းရေးကော်မရှင် ဆွေးနွေး
DVB
·
January 14, 2019
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ကေအန်ယူနှင့် ငြိမ်းချမ်းရေးကော်မရှင် ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့နဲ့ တကယ့်အကျိုးရှိတဲ့ ရလဒ်တွေ ရရှိဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ ဇန်န၀ါရီ ၁၃ ရက်က  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးပါတယ်။

အဓိကအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စတင်နိုင်ရေးကိုဆွေးနွေးခဲ့ကြတယ်လို့ ကေအန်ယူ အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုရှေ့ဆက်သွားမလဲပေါ့။ အဲဒီကိစ္စ အသေးစိတ် ထုတ်ပြောဖို့မရှိသေးဘူးလေ။ တွေ့ကြတယ်။ ဆွေးနွေးမှုတွေ အကျိုးရှိတယ်။ အထောက်အကူဖြစ် တယ်။ နောက်တခါ ထပ်တွေ့မယ်ပေါ့နော်။ အားလုံးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ဖို့ တကယ်ကို တန်ဖိုးရှိတဲ့ အဖြေရဖို့ပေါ့နော်။ တကယ်ကို ငြိမ်းချမ်းရေးရှိတဲ့ အဖြေတွေရဖို့ ဆိုတာကို ကျနော်တို့ဆွေးနွေးတယ်။”

ဒီတွေ့ဆုံဆွေးနွေးမှုမှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး အပါအ၀င် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်နဲ့ အကြံပေးအဖွဲ့တွေ တက်ရောက်ပါတယ်။

ကေအန်ယူဘက်ကတော့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ ဗိုလ်မှူးကြီး တူးတူးလေး၊ ပဒိုစောတောနီးနဲ့ အဖွဲ့ဝင် တချို့တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ ပါဝင် တက်ရောက်ဦးမှာ မဟုတ်ဘူးလို့ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ) က ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂၇ ရက်စွဲနဲ့ စာပေးပို့ထားပါတယ်။

မနေ့ကတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ကေအန်ယူဘက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013