DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပဘုရားဖူးယာဉ် မတော်တဆဖြစ်၍ အမျိုးသမီး ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ
DVB
·
January 14, 2019
အလောင်းတော်ကဿပဘုရားဖူးယာဉ် မတော်တဆဖြစ်၍ အမျိုးသမီး ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အလောင်းတော်ကဿပကနေ ဘုရားဖူးပြန်တဲ့ အိမ်စီးကားတစီး ဂုံညင်းပင်စခန်းအနီးမှာ အရှိန်မထိန်းနိုင်ဘဲ တောင်စောင်းနဲ့ ၀င်တိုက်ခဲ့လို့ အမျိုးသမီးတဦး သေဆုံးပြီး ခရီးသည် ၈ ဦးဒဏ်ရာရသွားပါတယ်။

ဇန်နဝါရီလ ၁၃ ရက်၊ နေ့လည် ၁၂ ရီလောက်က ဖြစ်ပွားခဲ့တဲ့ ဒီယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ သံဖြူဇရပ်မြို့နယ်၊ ပခန်းကြီးရွာက အသက် ၂၅ နှစ်အရွယ်ရှိ မစီအယ် သေဆုံးခဲ့ပြီး နောက်ထပ် ခရီးသည် ၈ ဦးကတော့  ထိခိုက်ဒဏ်ရာတွေ ရရှိကာ မုံရွာဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တ်ေကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက  “ကားက မလဲဘဲနဲ့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကမ်းပါးကို သွားရိုက်တဲ့သဘောပါ။ လောလောဆယ်တော့ ကားမောင်းသမားက ထွက်ပြေးသွားတယ်။ ရဲကတော့ လိုက်လံစုံစမ်းနေတယ်။ ၁ ယောက် သေ၊ ၈ ဦးဒဏ်ရာရတယ်။ အဲဒီထဲက ၃ ဦးကတော့ ဒဏ်ရာပြင်းတယ်ကြားတယ်။"လို့ ပြောပါတယ်။

တောင်ပေါ်သားကားလေးအသင်းက ယာဉ်မောင်း ကိုဟိန်းဟိုး မောင်းနှင်တဲ့ Hiace အမျိုးအစားယာဉ်ဟာ ဘုရားဖူးအပြန် အလောင်းတော်ကဿပစံကျောင်းနဲ့ ၁၅ မိုင်ခန့်အကွာ ဂုံညင်းပင်စခန်းအနီး လမ်းအဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ တောင်စောင်းနဲ့ ပွတ်တိုက်ခဲ့တာလို့  နယ်မြေခံ ရဲတပ်ဖွဲ့ သတင်းတွေအရ သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီး အမှုဖွင့်နိုင်ဖို့ ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။

အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ၂၀၁၉ ဇန်နဝါရီ ၃ ရက်နေ့ကမှ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ခဲ့တာပါ။

အခုလို ယာဉ်မတော်တဆမှုတွေ နှစ်စဉ်ဖြစ်နေကျဖြစ်တဲ့အပြင် ရာသီဥတုကြောင့် လေဖြတ်တာ၊ ရုတ်တရက်သွေးတိုးတာ၊ အမောဆို့တာစတဲ့ တခြား ကျန်းမာရေးပြဿနာတွေလည်း ဘုရားဖူးအချို့မှာ ကြုံတွေ့ရလေ့ရှိ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013