DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ပါတီ မန္တလေးတိုင်းရုံးဖွင့်လှစ်၊ ရှမ်းပြည်နယ်တွင် ရုံးခွဲဆက်ဖွင့်လှစ်မည်
DVB
·
January 14, 2019
ပြည်သူ့ပါတီ မန္တလေးတိုင်းရုံးဖွင့်လှစ်၊ ရှမ်းပြည်နယ်တွင် ရုံးခွဲဆက်ဖွင့်လှစ်မည်
1 / 2
Donate to DVB

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့ ထူထောင်ထားတဲ့  ပြည်သူ့ပါတီဟာ မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​ ၃၃ လမ်း ၃၄ လမ်းကြား လမ်း ၇၀ မှာ ပြည်သူ့ပါတီရဲ့ တိုင်းရုံးခန်းကို ဇန်​နဝါရီ ၁၃ ရက်​​နေ့က ဖွင့်လှစ်​လိုက်ပါတယ်​။

ပြည်​သူ့ပါတီ(ဗဟို)ဥက္ကဋ္ဌက ဦးကိုကိုကြီးက “ဒီမိုက​ရေစီအ​ရေးဆိုတဲ့အနှစ်​သာရဟာ အပြန်​အလှန်​ထိမ်း​ကြောင်းတဲ့ စနစ်​တခု​ပေါ်​ပေါက်​လာဖို့ ဖြစ်​ပါတယ်​။ ပါတီတရပ်​​ ပေါ်​ပေါက် ​လာတယ်​ဆိုတာ ပါတီစုံဒီမိုက​ရေစီစနစ်​ အား​ကောင်း​အောင်​ သန်​စွမ်း​အောင်​​ဆောင်​ရွက်​ခြင်း ဖြစ်​တယ်​လို့ ယုံကြည်​ပါ တယ်​။ တချိန်​ထဲမှာ ကျ​နော်တို့ရဲ့ နိုင်​ငံ​ရေးဖြတ်​သန်းမှု အ​တွေ့အကြုံ​တွေ၊ စိတ်​​စေတနာ​တွေ ကိုယ်​​တွေ့ဖြတ်​သန်းမှုတွေ စတဲ့ ​လေ့လာသင်​ယူခဲ့တဲ့ အ​တွေ့အကြုံအားလုံးကို ထိထိ​ရောက်​​ရောက်​ အသုံးချနိုင်​ဖို့အတွက်​ နိုင်​ငံ​ရေးပါတီတရပ်​ ထူထောင်ခဲ့တာဖြစ်​တယ်​”လို့ ​ပြောပါတယ်​။

ပြည်သူ့ပါတီအနေနဲ့ ရန်ကုန်၊ ဧရာဝတီနဲ့ ​ညောင်​ဦးမှာ တိုင်းနဲ့ ပြည်နယ်ရုံးတွေကို အမြန်​ဆုံးဖွင့်လှစ်​သွားမှာဖြစ်​ပြီး ဒီရက်​ပိုင်းမှာဘဲ ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်း ​နောင်​ချိုမြို့မှာလည်း ပါတီရုံးခွဲ ဆက်တိုက်ဖွင့်လှစ်သွားဖို့ ရှိပါတယ်​။

အခုလို ပြည်​သူ့ပါတီတိုင်းရုံး ဖွင့်တဲ့အ​ပေါ် ပန်းတိုင်းပွင့်နိုင်​ကြပါ​စေလို့ ဝါရင့်နိုင်​ငံ​ရေးသမား ဖြစ်တဲ့ ဦးတင်​​အေးကြူ (ခ)​ မောင်​မှိုင်းလွင်​(အင်းဝ)က ပြောပါတယ်​။

ဒီအခမ်းအနားကို ပြည်သူ့ပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့အတူ ပါတီအလုပ်အမှုဆောင်တွေ တိုင်းဒေသကြီး ပါတီဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တခြားဖိတ်ကြားထားသူ​တွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်သူ့ပါတီကို ကန့်ကွက်မှုတွေကြားကနေ ၂ နှစ်ကျော်ကြာပြီးမှသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေပြီး ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်က နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုလိုက်တာ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013