DVB Logo
Home
မြန်မာသတင်း
အလန်းစားရိုက်ချက်များနှင့် မိစန္ဒီ၊နီနီခင်ဇော်တို့ရဲ့ ‘FAတွေကိုယ့်ကို ကိုယ်ချစ်ပါ’ သီချင်း
DVB
·
January 14, 2019
အလန်းစားရိုက်ချက်များနှင့် မိစန္ဒီ၊နီနီခင်ဇော်တို့ရဲ့ ‘FAတွေကိုယ့်ကို ကိုယ်ချစ်ပါ’ သီချင်း
Donate to DVB

“ပေတရာလမ်းမထက်ငါ့မှာ တကိုယ်တည်းလမ်းလျှောက်ရင်းနဲ့… အဖော်ကင်းမဲ့လို့ အထီးကျန်နေဆဲ... သူနှိပ်စက်ခဲ့အချစ်တွေ ရှင်သန်ရင့်ကျက်ခဲ့ပြီ နေသားကျခဲ့ ပြက္ခဒိန်များ (အိုး)”
ဒါကတော့ လတ်တလော နာမည်ကြီးနေခဲ့တဲ့ လူငယ်ကြိုက် တေးသံရှင် မိစန္ဒီနဲ့ နီနီခင်ဇော်တို့ သီဆိုထားတဲ့ I Love Myself(FA) အမည်ရတဲ့ သီချင်းထဲ က စာသားတွေဖြစ်ပါတယ်။

ချစ်သူရည်းစားမရှိလည်း တယောက်တည်း အပူအပင်ကင်းကင်းနဲ့ ဘ၀ကို ပျော် ပျော်ကြီးနေလိုက်ပါ၊ တကိုယ်တည်းဘ၀ဟာ စိတ်ညစ်စရာမဟုတ်ပဲ ဂုဏ်ယူစရာဖြစ်ပြီး ကိုယ့်ကိုယ်ကိုချစ်လိုက်ပါဆိုတဲ့ အဓိပ္ပါယ်ရတဲ့ သံစဉ်စာသားတွေနဲ့ ရေးဖွဲ့ထားတဲ့ ဒီသီ ချင်းကိုတော့ တေးရေးမိုးထက်က ဖန်တီးရေးဖွဲ့ထားခဲ့တာပါ။

“ငါ့နှလုံးသားပင်ပန်းနေ… ဘဝတွေခါးလိုက်တာလို့… ဘယ်လိုပဲ ငိုခဲ့ အပိုတည်းခို ရန်အခန်းလို… တခဏတာအနားယူချွေးသိပ်ရင်းနင်အသုံးချခဲ့... Oh... ho... ho... Ohh... Ohhh... Ohhhh အဆင်ပြေနေပြီလေ Ok ရင်တွေမခုန်တော့ဘူး… ဉာဏ် ကောင်းသွားခဲ့ပြီ မင်းအိမ်စာများ… အတွက်အချက်တွေရှင်းထုတ်ပစ်လိုက်ပြီ… တယ်လီ ဖုန်းထဲ ပေးခဲ့အနမ်းတွေပါမုန်းတယ်… လန့်နိုးခဲ့အတိတ်အိပ်မက်ထဲ ဆက်ပြောပြမယ်”
လတ်တလောထွက်ရှိလာတဲ့ ဒီသီချင်းအမ်တီဗွီကိုတော့ ဒါရိုက်တာ Milos Curameng က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး နီနီခင်ဇော်၊ မိစန္ဒီတို့နဲ့အတူ Secret Pieces, Revolution Crew(RVC) စတဲ့ အကအဖွဲ့တွေနဲ့ အမျိုးသမီးအကျဉ်းထောင်တ ခုအသွင် ဆန်းဆန်းပြားပြား သရုပ်ဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

“ဟုတ်ပြီ မိစန္ဒီ ဆက်ပြောဦးမယ်… သည်းခံပြီးတဲ့နောက်မုန်းခဲ့… အထီးကျန်ခြင်း မှာပျော်မဆုံးပဲ… ဖက်ပြီးသေလိုက်မယ်ငှက်ပျောတုံးနဲ့… Feel ပြီးငိုယိုမိသည့်အထိဝယ်.. အကြီးကြီးမိုးပြိုပြီးပြီထင်တယ်… ကြည့် ဒီလိုမျိုးဖြစ်တည်ခြင်းနဲ့… မိမိကိုယ်ကို မိမိ ချစ်တယ်… စည်းတွေဖျက်လို့်ဖောက်ပြန်သွားရတဲ့အထိ… မင်းနဲ့ဆက်ပြီး လျှောက်လို့ မှားသွားမှန်းသိ… သီချင်းထဲစပ်ပြီးအကြောင်းစုံပွားပြမယ်ကြည့်… နင်နဲ့ပြတ်ပြီးနောက်… ပိုလှလာတဲ့ မိစန္ဒီဟာ… အသိဉာဏ်ရှိစွာ အထီးကျန်ခရီးမှာ feelခံပြီး ငါမြည်းစမ်းကြည့် ကာ… အကျည်းတန်သည့်အရာ အားလုံးကိုမီးရှို့လိုက်ပြီ… အချစ်ဆိုတဲ့အရာ ငါ့ဘဝမှာ အဘိဓာန်မရှိပါ”

အမိုက်စား အလန်းစားရိုက်ချက်တွေနဲ့ ရှုစားကြရမယ့် အမ်တီဗွီကိုတော့ နီနီခင်ဇော်ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုသူ သိန်းချီ ရှိနေပါတယ်။

“ဒဏ်ရာတွေကိုနှစ်သိမ့်တတ်ပြီ စာတတ်ခဲ့ပြီလေ… တွေ့ရှိခဲ့ပြီ အချစ်ရှိရာဆီ... ဝိုး ... Yeah… အမြဲတမ်းကိုယ့်ကိုယ်ကိုချစ်မယ်… နောင်လည်းကိုယ့်ကိုယ်ကိုချစ်မှာ… အခု လည်း ကိုယ့်ကိုယ်ကိုချစ်တယ်… မင်းလည်းကိုယ့်ကိုယ်ကိုချစ်ပါ… အမြဲတမ်း ကိုယ့်ကို ကိုယ်ချစ်မယ်… နောင်လည်းကိုယ့်ကိုယ်ကိုချစ်မှာ…အခုလည်းကိုယ့်ကိုယ်ကိုချစ်တယ်...FAတွေကိုယ့်ကိုယ်ကိုချစ်ပါ… Forever Alone, I Love Myself… Forever Alone, I Love Myself”

တေးသံရှင်နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်ရဲ့ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲမှာ Winner ဆုကို ရရှိခဲ့ပြီးနောက်မှာ တေးသီချင်းပေါင်းများစွာနဲ့ သီဆို အောင် မြင်ခဲ့တာဖြစ်ပြီး မိစန္ဒီကလည်း တမူထူးခြားတဲ့ သီချင်းစာသားတွေနဲ့အတူ ပရိသတ်အား ပေးမှုရရှိပြီးသား တေးသံရှင်တဦးဖြစ်တာမို့ သူတို့ ၂ ဦးတွဲဖက်သီဆိုထားတဲ့ ဒီသီချင်း ဟာလည်း ပရိသတ်တွေ အားပေးနေကြတာ ဖြစ်ပါတယ်။

“ချစ်သူခြေလှမ်းတွေမမှန်တော့တဲ့နောက်မှာ… လျှော်ထွက်လို့မုန်း… ဦးနှောက်က အချက်ပြတယ် နင့်အတွက်ငါက အပျော်အပျက်လိုသုံး… မင်းထားရာစေရာနေခဲ့တယ်… ဘာမှမပြောရက်တော့ရှုံး… ရမယ့်အစားထားခဲ့ငါ့ဘဝနဲ့ငါသွားမယ် Forever Alone”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013