DVB Logo
Home
မြန်မာသတင်း
၅ ထပ် ကင်ဆာကုသဆောင်သစ် ရန်ကုန်ဆေးရုံကြီးတွင် ဖွင့်လှစ်
DVB
·
January 13, 2019
၅ ထပ် ကင်ဆာကုသဆောင်သစ် ရန်ကုန်ဆေးရုံကြီးတွင် ဖွင့်လှစ်
1 / 8
Donate to DVB

ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းမှာ အသစ်ဆောက်လုပ်တဲ့ ၅ ထပ် ကင်ဆာ ကုသဆောင်သစ်ကို ဇန်န၀ါရီလ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

ကင်ဆာကုသဆောင်ကို ကျပ်သန်းပေါင်း ၃၂၀၀ အကုန်အကျခံကာ ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ကုတင် ၃၀၀ ဆံ့ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဓာတ်ရောင်ခြည်ကင်ဆာကုသဆောင်ဟာ ကုတင် ၈၀ သာဆံ့ပြီး နေ့စဉ်ကုသမှုခံယူနေတဲ့ လူနာဦးရေဟာ ၂၀၀ ကျော်ရှိနေတဲ့အတွက် လူနာဦးရေနဲ့ လိုအပ်တဲ့ ကုတင်အရေအတွက် မျှတမှုမရှိတာကြောင့် ကင်ဆာကုသဆောင်အသစ်ကို ထပ်မံဖွင့်လှစ်ခဲ့တာပါ။

အသစ်ဖွင့်လှစ်တဲ့ ကင်ဆာကုသဆောင်မှာတော့ ပြင်ပလူနာတွေကို ကုသပေးသွားမှာ ဖြစ်သလို၊ ဓာတ်ရောင်ခြည်ကင်ဆာဌာနက လူနာတွေနဲ့ ကင်ဆာဆေးပညာဌာနတွေကို ထားရှိ သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးကင်ဆာဌာနမှာတော့ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ် အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကို အများဆုံး ကုသပေးနေတာဖြစ်ပြီး တနေ့ကို လာရောက်ကုသမှုခံယူတဲ့ ပြင်ပလူနာ ၃၀၀ ကျော်ရှိပါတယ်။

ကင်ဆာကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ရန်ကုန်ပြည့်သူဆေးရုံကြီးမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013