DVB Logo
Home
မြန်မာသတင်း
မြောင်းမြတံတားသစ် နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်သည့် အခမ်းအနား ကျင်းပ
DVB
·
January 13, 2019
မြောင်းမြတံတားသစ် နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်သည့် အခမ်းအနား ကျင်းပ
1 / 7
Donate to DVB

ကျပ် ၂၅ ဘီလီယံ အကုန်အကျခံတည်ဆောက်နေတဲ့ မြောင်းမြတံတားသစ် သံပေါင်နောက်ဆုံးအစိတ်အပိုင်း ရွှေမူလီတပ်ဆင်တဲ့ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာ တံတားတည်ဆောက်မှု ၈၃ ရာခိုင်နှုန်းပြီးစီးနေပြီး မတ်လအတွင်း ပြီးဆီး နိုင်အောင် တံတားဦးစီးဌာနက ကြိုးစားဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက “တံတားသစ်ကို ၂၀၁၇ ခုနှစ် ကတည်းက စတင်တည်ဆောက်နေတာဖြစ်ပြီး တံတားတည်ဆောက်နေစဉ် ၂၀၁၈ ဧပြီလ ၁ ရက်နေ့မှာ ကြိုးတံတားဟောင်းပြတ်ကျသွားတာကြောင့် တည်ဆောက်ဆဲတံတားသစ်ကို ပုံစံပြောင်းပြီး ၂၀၁၉ ဧပြီမှာ ဖွင့်လှစ်နိုင်အောင် ၁ နှစ်အတွင်း အပြီးတည်ဆောက်နေတာ” လို့ ပြောပါတယ်။

အခမ်းအနားကို ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဒုဝန်ကြီး ဦးကျော်လင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့ တက်ရောက်ပြီး တိုင်းအစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013