
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ဖယောင်းတိုင်မီးနဲ့ မီးပူဇော်ရာမှာ နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်က မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်၊ မြို့သုဿာန် အနီးနေ နိုင်ကြီးရဲ့ နေအိမ်မှာ အလည်အပတ်လာရောက်နေထိုင်တဲ့ အစ်မဝမ်းကွဲ မအေးနုရီ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ထားရာမှတစ်ဆင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး မီးကူးစက်လောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ဘဲ မအေးနုရီကို မင်းပြားမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။











