DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်ကူညီရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရခိုင်ပြည်ညီညွတ်ရေးကော်မတီဖွဲ့စည်းရန် ဆုံးဖြတ်
DVB
·
January 13, 2019
စစ်ရှောင်ကူညီရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရခိုင်ပြည်ညီညွတ်ရေးကော်မတီဖွဲ့စည်းရန် ဆုံးဖြတ်
Donate to DVB

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင်တွေကူညီနိုင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ ရခိုင်ပြည်ညီညွတ်ရေးကော်မတီတရပ်ကို ဇန်နဝါရီ ၁၂ ရက်နေ့ ညပိုင်းက စစ်တွေမြို့ ရခိုင်အမျိုးသားပါတီရုံးဗဟိုမှာ အားလုံးသဘောတူဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ရခိုင်အမျိုးသားပါတီရုံးမှာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ရခိုင်နိုင်ငံရေးပါတီတွေ လှုမှုအရပ်ဘက် အဖွဲ့အစည်းတွေ၊ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားတွေ သံဃာတော်တွေ၊ စစ်တွေမြို့မိမြို့ဖ ၁၀၀ ကျော် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတာပါ။

ဒီနွေးပွဲတက်ရောက်ဆွေးနွေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ဒီမှာ ကျနော်တို့ ရခိုင်ပြည်ညီညွတ်ရေးကော်မတီတရပ် ဖြစ်ပေါ်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက တဦးတယောက်တည်း လုပ်လို့မရတဲ့အတွက် အားလုံးပါတဲ့ အဖွဲ့အစည်း နိုင်ငံရေး ပါတီ၊ မျိုးနွယ်စုအားလုံးပါတယ်။ ဒါမှ ကျနော်တို့အားကောင်းလာပါမယ်။ အဲ့ဒီနောက်မှာတော့ ငြိမ်းချမ်ရေးအတွက် ကော်မတီတွေ ဖွဲ့စည်းပါမယ်။ ဒုက္ခသည်တွေ ကူညီမယ် ကော်မတီတွေ ဖွဲ့စည်းမယ်”လို့ ပြောပါတယ်။

ရခိုင်အမျိုးသား ညီညွတ်ရေးကော်မတီ (ဗဟို) ကို လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့ စတင် ဖွဲ့စည်းသွားမှာဖြစ်ပြီး လုပ်ငန်းအဆင့်ဆင့်ကိုလည်း စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ရေရှည်မှာ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်လာမယ်လို့ ယုံကြည်ကြတာကြောင့် အခုလိုအရေးပေါ် ကော်မတီတရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013