DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီ ၄ သောင်းကျော် အွန်လိုင်းမှတဆင့် မှတ်ပုံတင်နိုင်ခဲ့ဟု ဒုသမ္မတပြော
DVB
·
January 13, 2019
ကုမ္ပဏီ ၄ သောင်းကျော် အွန်လိုင်းမှတဆင့် မှတ်ပုံတင်နိုင်ခဲ့ဟု ဒုသမ္မတပြော
1 / 2
Donate to DVB

ကုမ္ပဏီတွေမှတ်ပုံတင်တာကို အွန်လိုင်းကနေလုပ်လို့ရတဲ့နောက်ပိုင်း ၅ လအတွင်း ကုမ္ပဏီပေါင်း ၄ သောင်းကျော် မှတ်ပုံတင်နိုင်ခဲ့ပြီး အရင်နှစ်ကာလတူထက် ကုမ္ပဏီအသစ် ၂ ဆကျော် မှတ်ပုံတင်နိုင် ခဲ့တယ်လို့ ဒု သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မနေ့က မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ပြုလုပ်တဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ၂၃ ကြိမ်မြောက် ပုံမှန် တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က စလို့ ကုမ္ပဏီမှတ်ပုံတင်စနစ်ကို အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မှတ်ပုံတင်ကြေးပေးသွင်းတာကိုလည်း အွန်လိုင်းက ပေးသွင်းနိုင်အောင် လုပ်လိုက်တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ဒီဇင်ဘာလကုန်အထိ ကုမ္ပဏီပေါင်း ၃၂၉၁၇ ခု ပြန်လည် မှတ်ပုံတင်နိုင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၈၅၁၄ ခု အသစ်မှတ်ပုံတင်ခဲ့တယ်လို့ ပြောပါတယ်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လက ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၃၇၅၈ ခုပဲ အသစ် မှတ်ပုံတင်ပေးခဲ့ပြီး၊ အွန်လိုင်း မှတ်ပုံတင် စတင်ခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လက ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း ၈၅၁၄ ခု အသစ်မှတ်ပုံတင်နိုင်ခဲ့လို့  အရင်နှစ် ကာလတူထက် ၂ ဆကျော်တယ်လို့ ဆိုပါတယ်။

အခုတွေ့ဆုံပွဲတွေကနေ စီးပွားရေးလုပ်ငန်းရှင်တွေ တင်ပြတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဆောင်ရွက်ပေးနေပါတယ်။

စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ကုန်စည်တွေ ထုတ်လုပ်တာ၊ ကုန်သွယ်တာမှာ သုံးစွဲပုံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဒါမှမဟုတ် ညွှန်ကြားချက်တွေကို မြန်မာဘာသာနဲ့လည်း ဖော်ပြဖို့ ကိစ္စကို အမိန့်ထုတ်တဲ့နေ့က ၆ လအတွင်း စတင်ရမယ်ဆိုတာဟာ အချိန်မလုံလောက်ဘူးလို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ အလှကုန်အသင်းက တင်ပြခဲ့ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနတို့က ဖြေလျှော့ပေးနိုင်မယ့် အခြေအနေတွေကို ပြန်တင်ပြခဲ့တယ်လို့ ဒု သမ္မတက ပြောပါတယ်။

ကုန်သွယ်ရေးကဏ္ဍမှာတော့ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ကိန်းဂဏန်းတွေအရ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၁၇ ဘီလီယံ အထိရှိခဲ့ပြီး အရင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ဝ ဒသမ ၄၄၉ ဘီလီယံ ပိုခဲ့တယ်လို့ ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် ၉ ခုတွင် အထူးအဖွဲ့တွေဖွဲ့ပြီး တရားမဝင်ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေးယူခဲ့ရာမှာလည်း ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလက ဒီဇင်ဘာလထိ ဖမ်းဆီးအရေးယူတာ ၂၆၆ ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၉ဝ ဘီလီယံ (ကျပ်သန်းပေါင်း ၆၀၀၀ လောက်) ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို ဆွဲဆောင်နိုင်ဖို့ ၂ဝ၁၈ ခုနှစ်ထဲမှာ ကယားပြည်နယ်၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွေ လုပ်နိုင်ခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာတော့ ဖေဖော်ဝါရီလမှာ ရခိုင်ပြည်နယ်နဲ့ မတ်လမှာ ချင်းပြည်နယ်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း ဒု သမ္မတက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013