DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းစေလိုကြောင်း ဦးကိုကိုကြီး ပြော
DVB
·
January 13, 2019
ရခိုင်အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းစေလိုကြောင်း ဦးကိုကိုကြီး ပြော
Donate to DVB

လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပြဿနာတခုလို့ ရှုမြင်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းစေလိုတယ်လို့ ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။

ရခိုင်အရေးကိစ္စဟာ နိုင်ငံရေးပြဿနာလား၊ စစ်ရေးပြဿနာလားဆိုတာကို နက်နက်ရှိုင်းရှိုင်း ခွဲခြားနိုင်ဖို့လိုအပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းနိုင်ဖို့ လိုလားတယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ ဦးကိုကိုကြီးက ပြောဆိုသွားခဲ့တာပါ။

ဦးကိုကိုကြီးဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်ခဲ့ဖူးပြီး လက်ရှိအခြေနေဟာ အချိန်ပေးဖြေရှင်းရမယ့် အရာဖြစ်သလို တပိုင်းစီတဆင့်စီ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအ) လက်နတ်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေ ထောင်နဲ့ချီရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်ဒေသမှာ နယ်ခြားစောင့် ရဲကင်းစခန်း ၄ နေရာကို အေအေ လက်နတ်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးသွားသလို ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နတ်ကိုင်ပဋိပက္ခတွေ ကြီးထွားလာတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးရပ်တန့်ဖို့ ဥရောပသမဂ္ဂ (အီးယူ) ကလည်း တိုက်တွန်းထားပြီး အေအေဘက်မှ ရဲကင်းစခန်း ၄ နေရာကို ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့အပေါ်မှာလည်း ရှုတ်ချကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ သာမာန်အရပ်သားပြည်သူတွေကို အကာကွယ်ပေးဖို့ကိုလည်း EU ရဲ့ အဆိုပါ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013