DVB Logo
Home
မြန်မာသတင်း
ဂျပန်- မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြို့တွင် ချယ်ရီပင် ၃၀၀ ခန့် စိုက်ပျိုးမည်
DVB
·
January 13, 2019
ဂျပန်- မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြို့တွင် ချယ်ရီပင် ၃၀၀ ခန့် စိုက်ပျိုးမည်
Donate to DVB

ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရန်ကုန်မြို့မှာ တတိယအကြိမ် ချယ်ရီပင်ပေါင်း ၃၀၀ နီးပါးကို ဇန်နဝါရီ ၂၇ ရက်နေ့ စိုက်ပျိုးသွားမယ်လို့ ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီးက ပြောပါတယ်။

ပထမဆုံးအကြိမ်က ချင်းပြည်နယ်မှာ စိုက်ပျိုးခဲ့ပြီး ဒုတိယအကြိမ်က နေပြည်တော်မှာ စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

ချယ်ရီပင် အပင် ၁၀၀ ကို ရန်ကုန်တိုင်းအစိုးရရုံးဝင်း၊ ပြည်သူ့ ဥယျာဉ်မှာ အပင် ၁၀၀ ကျော်နဲ့ မဟာဗန္ဓလပန်းခြံတွေမှာ စိုက်ပျိုးသွားမှာပါ။

အခုလို ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ချယ်ရီပန်းပင် စိုက်ပျိုးတာက ဂျပန်-မြန်မာချစ်ကြည်ရေးကို ပိုတိုးလာမှာဖြစ်သလို ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်းလည်း တိုးလာမယ်လို့ ဇန်နဝါရီ ၁၂ ရဂက်နေ့က ကျင်းပတဲ ၅ ကြိမ်မြောက် နိုင်ငံတကာ ခရီးသွားပြပွဲမှာ ရန်ကုန်တိုင်းအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောခဲ့တာပါ။

ဒါ့အပြင် ခရီးသွား ကဏ္ဍမြှင့်တင်ဖို့အတွက်လည်း ဇန်နဝါရီ ၂၆ ရက်နေ့မှာ မြို့တွင်း ၆ မြို့နယ်မှာ လမ်းလျှောက်ပွဲတော် ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ခရီးစဉ်ကိုတော့ ရှေးဟောင်းအဆောက်အအုံတွေ ရှိတဲ့ လမ်းတွေကို ရွေးချယ်ပြီး လျှောက်သွားမယ်လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013