DVB Logo
Home
မြန်မာသတင်း
ရိက္ခာသယ်ခွင့်နှင့်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး တပ်မတော်နှင့်ညှိနှိုင်းမည်ဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
January 12, 2019
ရိက္ခာသယ်ခွင့်နှင့်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး တပ်မတော်နှင့်ညှိနှိုင်းမည်ဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

ရိက္ခာသယ်ယူခွင့်ရယူဖို့နဲ့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရခိုင်​ပြည်​နယ် ​အစိုးရအဖွဲ့ရုံး ​ထောက်​ပံ့ငွေ ​ပေးအပ်​တဲ့ အခမ်းအနားမှာ ​ပြောကြားခဲ့တာပါ။

ကျောက်တော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် တပ်မတော်ဘက်က ကျေးရွာအထက်ပိုင်းတွေကို ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုတွေရှိနေပြီး စစ်ဘေးဒုက္ခသည်တွေ ကျေးရွာတွေမှာ စားနပ်ရိက္ခာပြတ်တောက်မှု တွေကြောင့် ထွက်ပြေးလာကြတာ တနေ့ထက်တနေ့ များလာနေပါတယ်။

ကျောက်တော်မြို့နယ်က ကျေးရွာအထက်ပိုင်းတွေကို ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ်ထားတာ အပါအဝင် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး တပ်မတ်ာနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆာင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

အခုလို တပ်မတော်က ရိက္ခာသယ်ခွင့်ကို ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတာကြောင့် ကျောက်တော်မြို့နယ် ယိုချောင်း အထက်ဖျားက ကျေးရွာတွေ စားနပ်ရိက္ခာတွေပြတ်တောက်ပြီး ထွက်ပြေးလာကြပါတယ်။ လူမှုကယ်ဆယ်ရေး အဖွဲ့တွေကတော့ ရိက္ခာတွေသယ်ယူဖို့ ကန့်သတ်ထားကြောင့် ပြန်လှည့်ကြရပါတယ်။

လက်တလောအဆင်ပြေဖို့ ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ၄၄၇ဝ ဦးအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အခင်း၊ စောင်တွေ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၇၇ဝ ကျော်ကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ လူကယ်ပြန်ဌာနက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေး လေးမြို့နယ် စစ်ဘေးရှောင်သူတွေဟာ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေသလို ဒီကနေ့ အချိန်ထိ စစ်ဘေးရှောင်ဒုက္ခသည် ၅ဝဝဝ ကျော် ရှိလာနေပြီလို့ ရခိုင်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013